• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

လိပ်ကျွန်းအမှု ရုံးချိန်း ထပ်ထုတ်မည်

by ခင်ဦးသာ
18 November 2014
in Crime
A A
လိပ်ကျွန်း, လူသတ်မှု

ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့ကို ကော့စမွေအကျဉ်းထောင်တွင် တွေ့ရစဉ် (ဓာတ်ပုံ - Reuters)

4.9k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း၌ ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသူ ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့၏ အမှုတွဲကို မနက်ဖြန် ဗုဒ္ဓဟူးနေ့တွင် ရုံးချိန်း ထပ်ထုတ်မည်ဟု သိရသည်။

ထိုအမှုအား လိုက်ပါ ဆောင်ရွက် ပေးနေသူ နှင့် မြန်မာသံရုံး အထူး အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့် က “ကျနော်တို့ နောက်ဆုံး သတင်းရတာက လေးကြိမ်မြောက် ရမန် အမှုတွဲကို ဒီလ ၁၉ ရက် သို့မဟုတ် ၂၀ ရက်နေ့မှာ အမှုတင်မယ်လို့ ထိုင်းရဲတပ်ဖွဲ့က အကြောင်းကြားလာပါတယ်၊ ကော့စမွေ တရားရုံးမှာ တင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
0
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
12
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
189

ယခုအကြိမ် တင်မည့် အမှုတွဲသည် လေးကြိမ်မြောက်ဖြစ်ကြောင်း၊ အမှုတွဲတင်ရမည့် နောက်ဆုံးရက်သည် နိုဝင်ဘာလ ၂၀ ရက် ဖြစ်ကြောင်း၊ အကယ်၍ နိုဝင်ဘာ ၂၀ တွင် အမှုတွဲ မတင်နိုင်ပါက ထိုင်းနိုင်ငံ၏ ဥပဒေ အရ တရားခံဟု ဖမ်းဆီးခံထား ရသူများအား တရားရှင် လွှတ်ပေးပိုင်ခွင့် ရှိကြောင်း၊ အသေးစိတ် အချက် အခြေအနေများအား တရားရုံး တင်ပြီးချိန်မှသာ သိရမည် ဖြစ်ကြောင်း ၎င်း က ဆက်လက် ရှင်းပြသည်။

ထိုအမှုသည် သေဒဏ် ကျခံနိုင်သည့်အမှု ဖြစ်ကြောင်း၊ သို့သော် ပြစ်မှုကျူးလွန်သည်ဟု ခိုင်မာသည့် မျက်မြင် သက်သေ မရှိကြောင်း၊ ထို့ကြောင့် စွပ်စွဲ ဖမ်းဆီး ခံရထားရသူများဘက်မှလည်း ခိုင်မာသည့် သက်သေ ထွက်ဆိုပေးနိုင်မည့် သူများရ ရှိရေးကို ကြိုးပမ်းနေ ကြောင်း ရှေ့နေ  ဦးအောင်မျိုးသန့် က ပြောသည်။

၎င်းက “ဒီအမှုဟာ သေဒဏ် ကျခံနိုင်တဲ့ အမှုဖြစ်တယ်၊ ဒါပေမယ့် ပြစ်မှုကျူးလွန်တယ်ဆိုတာကို ခိုင်မာတဲ့ အထောက် အ ထား အခုချိန်ထိ မရှိသေးတဲ့ အတွက် ဒီကလေးတွေဟာ ပါဝင် ပတ်သက်ခြင်း မရှိဘူး၊ ဒါကြောင့် သေချာစွာ တင်ပြနိုင်မယ့် သက်သေ၊ အထောက်အထားတွေကို ရှာဖွေနေပါတယ်၊ ပြီးတော့ DNA တူတယ်ဆိုတဲ့ အချက်ဟာလည်းပဲ DNA ရဲ့ လုပ်ထုံး လုပ်နည်းတွေနဲ့ မညီတဲ့ အတွက် ဒါတွေကို တင်ပြနိုင်ဖို့ အထောက်အထားတွေ စုဆောင်းနေပါတယ်”ဟု ဆိုသည်။

လက်ရှိ ရရှိထားသော အထောက်အထား တချို့၌ ကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်း တို့သည် အခင်းဖြစ်ပွားခဲ့သည့် စက်တင် ဘာ ၁၅၊ ၁၆ မှ လကုန်သည့် အထိ ၎င်းတို့၏ အလုပ်ကို ပုံမှန်အတိုင်း အေးဆေးစွာ လုပ်ဆောင်နေခဲ့ကြသည် ကိုတွေ့ရှိခဲ့ရ သည်ဟု မျက်မြင် သက်သေများက ပြောဆိုထားကြောင်း၊ အကယ်၍ ၎င်းတို့ အနေဖြင့် လူသတ်မှု ကျူးလွန်ခဲ့မည်ဆိုပါက ထို နေရာ၌ အချိန်ကြာမြင့်စွာ အလုပ် လုပ်ကိုနေရန် မဖြစ်နိုင်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။

ထိုအမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသူ ကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်းတို့ဘက်မှ ခိုင်မာသည့် ထွက်ဆိုချက် ပေးနိုင်ရန် ၎င်းတို့ နေထိုင် လုပ်ကိုင်ခဲ့ကြသည့် လိပ်ကျွန်း၌ အထောက်အထားများ ရှာဖွေ ဆုတောင်းနေကာ၊ ကိုယ်တိုင်သွား ရောက် ၍ အထောက်အထားများ စုဆောင်းမည် ဖြစ်ကြောင်း အမှုအား လိုက်ပါ ကူညီပေးနေသော မြန်မာ သံရုံးအထူးအဖွဲ့ဝင် တဦးဖြစ်သူ ပါဝင်သူ ဦးကျော်သောင်း က လည်း ပြောသည်။

၎င်းက “ကျနော်တို့မှာ အထောက်အထား တော်တော်များများ ရရှိထားပြီးပါပြီ၊ အကောင်းဆုံး ဖြစ်အောင်တော့ ကျနော်တို့ အဖွဲ့က အတတ်နိုင်ဆုံး ဆောင်ရွက်နေကြပါတယ်”ဟု ဆိုသည်။

လိပ်ကျွန်း လူသတ်မှုသည် အထူးအမှု ဖြစ်နေသည့်အတွက် ၃ လအတွင်း အပြီးသတ် ဆောင်ရွက်သွားမည်ဟုလည်း ထိုင်း တရားရုံး က ပြောဆိုထားကြောင်း သိရသည်။

အမှု၏ အခြေအနေများကို လေ့လာ စစ်ဆေးရန်လည်း နေပြည်တော်မှ အဖွဲ့တခုသည် မကြာမီ လာရောက်မည်ဟု ပြော ဆို ထားကြောင်း၊ အမှုကို လိုက်ပါဆောင်ရွက်နေသူများ က ပြောသည်။

Your Thoughts …
Tags: Thai
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
490

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

by ဧရာဝတီ
5 April 2025
341

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

by ဧရာဝတီ
4 April 2025
203

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုဘူးဆိုပြီး ထိုင်းပြည်သူတချို့ ဆန္ဒဖော်ထုတ်မှုတွေရှိနေသလို လူမှုကွန်ရက်တွေပေါ်မှာလည်း ဝရမ်းထုတ်ခံထားရတဲ့ စစ်ရာဇဝတ်ခေါင်းဆောင်ကို ဖမ်းဆီးပြီး အာဂျင်တီးနားတရားရုံးကို လွှဲပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

Next Post
ရဲတပ်ဖွဲ့, လုယက်မှု , မှုခင်း , လူဆိုးဂိုဏ်း, လက်နက် , တရားဥပဒေစိုးမိုးရေး

လူဆိုးဂိုဏ်းများ နှိမ်နင်းမည့် ရဲတပ်ဖွဲ့ဝင်များကို လက်နက်ထုတ်ပေးမည်

အမျိုးသား ပညာရေး ဥပဒေ , ကျောင်းသား သပိတ်

“ကျောင်းသားတွေ လမ်းပေါ် ထွက်တယ်ဆိုတာ မထွက်မဖြစ် ထွက်လာရတာ”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate