Crime

လူဆိုးဂိုဏ်းများ နှိမ်နင်းမည့် ရဲတပ်ဖွဲ့ဝင်များကို လက်နက်ထုတ်ပေးမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တော်တွင် အုပ်စုဖဲွဲ့လုယက်မှုများ ကျူးလွန်နေသည့် လူဆိုးဂိုဏ်းများနှင့် အဖဲွဲ့များကို ဖမ်းဆီးနှိမ်နင်းရာတွင် ပြန်လည် ခုခံမှုများကြောင့်  လူဆိုးဂိုဏ်ရဲတပ်ဖွဲ့ဝင်များကို  နှိမ်နင်းမည့် ရဲတပ်ဖွဲ့ဝင်များကို ခြောက်လုံးပြူးသေနတ် အပါ အဝင် အခြားလက်နက်များ ထုတ်ပေးပြီး ခုခံကာကွယ်ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူး သိန်းလွင်က ပြောသည်။

လူဆိုးဂိုဏ်များ ဖမ်းဆီးနှိမ်နင်းရာတွင် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည် ခုခံ ရန်ပြုမှုများ ရှိနေပြီး ဖမ်းဆီးနှိမ်နင်းရန် သွားရောက် သည့် ရဲတပ်ဖွဲ့ဝင်အင်အား ထက် လူဆိုးဂိုဏ်များ၏ အင်အား ပိုမိုများပြားနေခြင်းကြောင့် တုံ့ပြန် ခုခံတိုက်ခိုက် ခြင်းများ ရှိနေကြောင်း၊ ထို့ကြောင့် ဥပဒေတွင် ပါဝင်သော ကာကွယ်ခုခံပိုင်ခွင့် ဥပဒေ ပုဒ်မ ၁၀၀ အရ အရာရှိ အဆင့်နှင့် အခြား ယုံကြည်စိတ်ချရသည့် ရဲတပ်ဖွဲ့ဝင်များကို လက်နက်များထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

“အရာရှိတွေကိုတော့ ခြောက်လုံးပြူးသေနတ်တွေ ထုတ်ပေးထားမယ်၊ အရေးပေါ်အခြေအနေမှာ ပစ်ခတ်ဖမ်းဆီးတဲ့အထိ ခွင့်ပြုမှာပါ။ ဥပဒေအရ လုပ်မှာဖြစ်တာကြောင့် ကျနော်တို့ကို နှီးဖျားနဲ့လုပ်ရုံနဲ့တော့ ပြန်လုပ်မှာမဟုတ်ပါဘူး။ လုပ်ငန်း တာဝန် ကလွဲလို့ ဥပဒေမဲ့လုပ်လို့မရပါဘူး။ တော်ကြာ လက်နက်ကိုင်ဆောင်တယ်ဆိုပြီး အမြင်တွေ လွဲနေမှာ ဆိုးလို့ပါ” နိုဝင်ဘာလ ၁၇ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊  မှုခင်းရဲတပ်ဖွဲ့ အစည်းအဝေးခန်းမတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲမှူးဦးသိန်းလွင်က ပြောဆိုသည်။

နိုဝင်ဘာ ၁၆ ရက်နေ့က လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း ရပ်ကွက်အတွင်း မူးယစ်ဆေးဝါး၊ ခိုးမှု၊ လုယက်မှုနှင့် ရမ်းကား မှုများ ကို အုပ်စုဖွဲ့လုယက်မှုများကို ကျုးလွန်နေသည့် အမျိုးသမီး တဦးပါဝင်သော အုပ်စုဖွဲ့ လုယက်ဂိုဏ်း ကို  လိုင်စင်မဲ့ ဆိုင်ကယ် ၄ စီး၊ ဓား ၃၇ ချောင်း၊ ဆေးခြောက်များ နှင့် လိုင်စင်စိစစ်ဆဲ ကားတစီးနှင့် အတူ ဖမ်းဆီးခဲ့ကြောင်း၊ ထို့ပြင် မြောက်ဥက္ကလာပ မြို့နယ်အတွင်းမှ အုပ်စုဖွဲ့ဂိုဏ်းတခုကိုလည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က ဖမ်းဆီးနိုင်ခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“ဒီအဖွဲ့က(လှိုင်သာယာ လုယက်ဂိုဏ်း) အုပ်ချုပ်ရေးမှူးကို အနိုင်ကျင့်မှု၊ မိုက်ကြေးခွဲမှု၊ လုယက်မှုတွေ၊ အုပ်ချုပ်ရေးအဖွဲ့ တွေကို ဓားထောက် ခြိမ်းခြောက်မှုတွေ ကျူးလွန်ထားသလို ဆေးခြောက်တွေလည်း ဖမ်းဆီးခဲ့တယ်။ ပြစ်မှုမှာ ပါဝင်တဲ့ အမျိုးသမီးက အိမ်စာချုပ် အတုတွေ ပြုလုပ်ရောင်းချမှုတွေပါ ပါတယ်။ တခြားကျန်ရှိနေသူတွေကိုလည်း စိစစ်ဖော်ထုတ် ဖမ်းဆီး မှာဖြစ်တယ်”ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးပြည့်စုံ က ရှင်းပြသည်။

အုပ်စုဖွဲ့ရမ်းကားခြင်းနှင့် လုယက်မှု အပါအဝင် မှုခင်းဖြစ်ပွားမှုအများဆုံးမှာ လှိုင်သာယာ မြို့နယ်ဖြစ်ပြီး သာကေတ မြို့နယ်တွင်လည်း မှုခင်းဖြစ်ပွားမှု များပြားကြောင်း သိရှိရသည်။

“လောလောဆယ် နောက်ထပ် သတင်းရထားတဲ့ဂိုဏ်းမရှိသေးဘူး။ ပြည်သူက သတင်းပေးတာပဲဖြစ်ဖြစ်၊ ကိုယ်တိုင် သတင်း ရတာပဲဖြစ်ဖြစ် ဂိုဏ်းနဲ့ ပတ်သက်တာတွေ ရှိပြီဆိုတာနဲ့ ချက်ချင်းဖမ်းမယ်၊ ရဲတယောက်က လူ ၁၀၀၀ လောက်ကို ကြည့်နေရသလို ဖြစ်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတင်းပေးစေချင်တယ်”ဟု ရဲမှူး ဦးသိန်းလွင် က ပြောဆိုသည်။

ရန်ကုန်မြို့တွင် အုပ်စုဖွဲ့လုယက်မှုများအဖြစ် လှိုင်သာယာမြို့နယ်တွင် ၆ မှု၊ မြောက်ဥက္ကလာပ မြို့နယ်တွင် ၆ မှု၊ သင်္ဃန်း ကျွန်း မြို့နယ်တွင် ၁ မှု၊ တောင်ဥက္ကလာပ မြို့နယ်တွင် ၁ မှု နှင့် ဒဂုံမြောက်မြို့နယ်တွင် ၁ မှု ဖမ်းဆီးထားပြီး ဖြစ်ကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading