ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသား ပညာရေး ဥပဒေအား ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ပြည့်ဝသော ပညာရေးဥပဒေသစ်တခုဖြင့် အစားထိုးနိုင်ရန်အတွက် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ၊
ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)၊ အစိုးရနှင့် လွှတ်တော်တို့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ဆန္ဒပြ ကျောင်းသားများက တောင်းဆိုလိုက်သည်။ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးကို အစိုးရအနေဖြင့် လာမည့် ရက် ၆၀ အတွင်း တုံ့ပြန်မှု တစုံတရာမရှိလျှင် နိုင်ငံတဝန်း ကျောင်းသား သပိတ်များ ဆင်နွှဲသွားမည်ဟု ကြေညာထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။