ကျောင်းသားအနေဖြင့် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုခြင်းမှာ ဥပဒေ တရပ်ကို ကျင့်သုံးမကြည့်သေးဘဲ အဆင့်ကျော်ကာ ပြင်ဆင်ခိုင်းခြင်းဖြစ်ကြောင်း ပညာရေး ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ယမန်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ မကြာမီတွင် နည်းဥပဒေ မူကြမ်းကို အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာ စသည့် ကဏ္ဍအလိုက် ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း၊ ကျောင်းသားများ ပြောဆိုသကဲ့သို့ တဖွဲ့တည်းကာ ရေးဆွဲခြင်းမရှိကြောင်း ကို ဓာတ်ပုံများနှင့်တကွ ရှင်းလင်းသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုသွားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။