• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အစိုးရနှင့် ကျောင်းသားများကြား ပညာရေး ဥပဒေအတွက် တင်းမာမှု ဖြစ်ပေါ်နေ

by သူဇာ
20 November 2014
in သတင်း
A A
ကျောင်းသား , အမျိုးသား ပညာရေး ဥပဒေ , အစိုးရ

အမျိုးသား ပညာရေးဥပဒေအား သပိတ်မှောက် ဆန္ဒပြသည့်အနေဖြင့် ချီတက် လမ်းလျှောက်လာသော ကျောင်းသား ကျောင်းသူများကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁၇ ရက်က တွေ့မြင်ရစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

1.7k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဌာန်းလိုက်သည့် အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသားများက လက်မခံဘဲ ကန့်ကွက် သပိတ်မှောက် ဆန္ဒပြလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး အစိုးရနှင့် ကျောင်းသားများကြား တင်းမာမှုများဆက်လက် ဖြစ်ပေါ်နေ သည်။

အမျိုးသား ပညာရေး ဥပဒေအား ဆန့်ကျင် ကန့်ကွက်ရန် ဖွဲ့စည်းထားသည့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီနှင့် အစိုးရဘက်မှ ဖွဲ့စည်းထားသည့် ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီတို့ကြား တင်းမာမှု ဖြစ်ပွားနေခြင်း ဖြစ်သည်။

RelatedPosts

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

14 May 2025
18
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
172
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
1.1k

တင်းမာမှု ဖြစ်ပေါ်ရသည့် အကြောင်းရင်းမှာ အမျိုးသား ပညာရေး ဥပဒေကို နိုဝင်ဘာလ ၁၆ ရက်က ကျောင်းသားများ ရန်ကုန်မြို့ ကြေးသွန်း ဘုရားရှေ့တွင် ဆန္ဒပြနေစဉ် ပညာရေး ဝန်ကြီးဌာနက လာရောက် ညှိနှိုင်းရာ တာဝန်အရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လာရောက်ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သော်လည်း နိုဝင်ဘာလ ၁၈ ရက်က အစိုးရပိုင် သတင်းစာတွင် ပညာရေးဝန်ကြီးဌာန တာဝန် ရှိသူများက ကျောင်းသားများကို  “သွားရောက် ညှိနှိုင်းခဲ့သည်”ဟု ဖော်ပြခဲ့ခြင်းဟု သိရသည်။

ယင်းသို့ ဖော်ပြမှုကို မဟုတ်မှန်ကြောင်း ကျောင်းသားများက နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲတခု ချက် ချင်း ပြုလုပ်ပြီး သဘောထားကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။

ကျောင်းသားများ၏ သဘောထား ထုတ်ပြန်ချက်တွင် အစိုးရ၊ ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက ထုတ်ပြန် သော ဖော်ပြချက်မှာ လိမ်လည် ဖော်ပြထားခြင်း ဖြစ်သဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရေးသားထားသည်။

“အမျိုးသားနေ့က ကြေးသွန်းဘုရားရှေ့မှာ ဦးဇော်ဌေးတို့နဲ့ တွေ့တဲ့အခါ သူတို့ ပါးစပ်က ပြောပါတယ်။ ကျနော်တို့ တာဝန်ယူပြီး လာ တာ မဟုတ်ပါဘူး။ နိုင်ငံသားတယောက်အနေနဲ့ လာပါတယ်ဆိုပြီး ပြောပါတယ်။ အခု သတင်းစာမှာ ဖော်ပြတာက ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများဆိုပြီး သုံးနှုန်းထားပါတယ်။ အဲဒါကို ကြည့်ချင်းအားဖြင့် အစိုးရဘက်က ညွှန်ချုပ်က လိမ်နေတာပါ။ အဲဒီတော့ ဒီအစိုးရကို ဘယ်လိုယုံရမလဲဆိုတာ ကျနော်တို့ မေးခွန်းထုတ်ရပါလိမ့်မယ်”ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီမှ ကိုနန်းလင်းက နိုဝင်ဘာလ ၁၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့အပြင် အစိုးရဘက်မှ တင်ပြလာသည့် အစီအစဉ်များ ဖြစ်သည့် အမျိုးသား ပညာရေး ဥပဒေပါ ကျောင်းသားအဖွဲ့(ယာယီ)များ ဖွဲ့စည်းပုံ၊ ကျောင်းသားများကို ဖိတ်ကြား၍ အမျိုးသား ပညာရေး ဥပဒေပါ အချက်များကို ရှင်းလင်းသွားရန် ၊ ကျောင်းသားများ၏ သဘောဆန္ဒကို အမျိုးသား ပညာရေး ဥပဒေ၏ နည်းဥပဒေတွင် ထည့်သွင်း ရေးဆွဲရန် စသည့် အချက်များကိုလည်း လက်မခံနိုင်ကြောင်း ကျောင်းသားများက ပြောဆိုသည်။

ကျောင်းသားများ၏ တောင်းဆိုမှုများနှင့် ပတ်သက်၍ အဆင့်မြင်ပညာ ဦးစီးဌာနတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပညာ ရေး ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက“ပွင့်ပွင့်လင်းလင်း လာ ဆွေးနွေးစေချင်တယ်။ သူတို့ လိုချင်တာ ဘာလဲလို့ သိလို့ရှိရင် မိဘ တိုင်းကတော့ သားသမီးပူဆာရင် အကုန် မပေးနိုင်ဘူးလေ။ အဲဒီတော့ မိဘလိုပဲ လာပူဆာပါ။ ပြောကြည့်မယ်။ လုပ်ကြည့် မယ်။ ဒါပေမယ့် မိဘ မတတ်နိုင်တဲ့ဟာကိုတော့ သားသမီးကလည်း နားလည်ပေးနိုင်ရမယ်”ဟု မီဒီယာများကို ပြောသည်။

သို့သော် ကျောင်းသားများက အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး ဖွဲ့စည်းထားသည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)၊ အစိုးရ၊ လွှတ်တော်တို့ ၄ ပွင့်ဆိုင် တွေ့ဆုံလိုကြောင်း ကျောင်းသားများက နိုဝင်ဘာလ ၁၈ ရက်တွင် တောင်းဆိုလိုက်သည်။

“ကျနော်တို့ သပိတ်ကော်မတီနဲ့ ကျနော်တို့ တွေ့ဆုံ ညှိနှိုင်းချင်တဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့ ကိုယ်တိုင် တွေ့ဆုံ ညှိနှိုင်းလို့ ရပါတယ်။ ဒါ ကျနော်တို့ မူဝါဒပါ၊ လွတ်လပ်ခွင့်ပါ။ အဲဒါကို ကြားထဲက သူတို့ ညှိပေးမှ အဲဒီအဖွဲ့ကို တွေ့ရမယ်ဆိုတဲ့ သဘောက တော့ ဒါဟာ ကြားထဲက ခေါင်းပုံဖြတ်တဲ့ ပွဲစားသဏ္ဌာန်ပါပဲ။ ကျနော်တို့က ဒါကို လုံးဝလက်မခံပါဘူး။ ကျနော်တို့အတွက် ပွဲစားမလိုပါဘူး” ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုဇေယျာလွင်က ပြောဆိုသည်။

Your Thoughts …
Tags: Education
သူဇာ

သူဇာ

ဧရာဝတီ

Similar Picks:

လိင်ပညာပေး

အမျိုးသားတို့ သုက် လွှတ် မစောစေဖို့

by အေးမင်း
21 May 2016
101.6k

အမျိုးသား အများစုဟု Missionary လို့ခေါ်တဲ့ လှေကြီးထိုး ပုံစံ အနေအထားမှာ နှိုးဆွမှုကို ပိုပြီး ခံစား ရလေ့ ရှိပါတယ်။ ဒါ ကြောင့် လိင်ဆက်ဆံနေစဉ် အတွင်းမှာ ပုံစံ အနေအထား အမျိုးမျိုးပြောင်းလဲ တာက...

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

by အေးမင်း
27 April 2016
203k

လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ လိင်တံကျိုးခြင်း၊ မအင်္ဂါ စုတ်ပြတ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်းခြင်းတို့ဟာ လိင်ဆက်ဆံခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေဖြစ်ပါတယ်

ကျန်းမာရေး

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းနှင့် သတိပြုရမည့် အချက်များ

by အေးမင်း
9 July 2016
140.9k

တကယ်လို့ ကိုယ်ဝန်က ပုံမှန်အတိုင်းဖွံ့ဖြိုးလာနေမယ်ဆိုရင် ကလေးကို ထိခိုက်နိုင်စရာ မဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံ ကိုလမ်ဘီယာတက္ကသိုလ်က သားဖွားမီးယပ်ပညာဆိုင်ရာ တွဲဘက်ပါမောက္ခ ဒေါက်တာ Annette Perez-Delboy က ပြော ပါတယ်။ ကလေးငယ်က သားအိမ်ထဲမှာ လုံခြုံစွာရှိနေပြီးတော့...

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

by အေးမင်း
16 July 2016
108.1k

မိမိရဲ့ လိင်အင်္ဂါကို အများအသုံးချခဲ့သူကတော့ တွန်ဂါဘုရင် Fatefehi ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ သူက ၁၇၇၀ ကနေ ၁၇၈၄ ခုနှစ် အထိ ၁၄ နှစ်တာကာလအတွင်းမှာ အမျိုးသမီး ၃၇၈၀၀ ရဲ့ အပျိုစင်...

ကျန်းမာရေး , လိင်ပညာပေး

လိင်မှုစွမ်းဆောင်ရည် မြှင့်တင်နိုင်တဲ့ လေ့ကျင့်ခန်း ၅ ခု

by အေးမင်း
28 May 2016
185.5k

လိင်မှုဆိုင်ရာ စွမ်းရည်တွေကို အမြင့်ဆုံးမြှင့်တင်ပေးမယ့် လေ့ကျင့်ခန်း ၅ ခုကတော့ အလေးမခြင်း၊ Kelgel လေ့ကျင့်ခန်း ၊ ယောဂ လေ့ကျင့်ခြင်း၊ ရေကူးခြင်းနဲ့ လမ်းမြန်မြန်လျှောက်ခြင်းတို့ ဖြစ်ပါတယ်

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

by အေးမင်း
27 June 2015
422k

သာယာမှု ကို ရရှိနိုင်ဖို့ အတွက် စိတ်သောကတွေကို ဖြေလျှော့ပြီး ချဉ်းကပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ကို ဖြေလျှော့ထားခြင်းက လိင်ဆက်ဆံစဉ်မှာ နာကျင်မှု ခံစားရခြင်းနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကောင်းမွန်လာအောင် ဖြေရှင်းပေးနိုင်

Next Post
မြစိမ်းရောင်ကျေးရွာ

တစိတ်တဝမ်းတည်း စုပေါင်းဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာ စီမံကိန်း

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့, လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန

ရန်ကုန် လျှပ်စစ် ဓာတ်အားပေး အဖွဲ့ကို ပုဂ္ဂလိကပိုင် ပြောင်းလဲရန် စီစဉ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate