KIA က လက်နက်ကြီးဖြင့် ပစ်ခတ်သည့် အတွက် စစ်တပ်က တုံ့ပြန်ရခြင်း ဖြစ်ဟုဆို
This article has been converted from Zawgyi One to Unicode
ကချင်လွတ်လပ်ရေး တပ်မတော်(KIA) က လမ်းဖောက်လုပ်နေသည့် စစ်သည်နှင့် မြေထိုးယာဉ်များအား လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်သည့်အတွက် မြန်မာ့တပ်မတော် တုံပြန်ပစ်ခတ် ရခြင်းဖြစ်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြ ထားသည်။ KIA အဖွဲ့သည် နိုဝင်ဘာ ၁၆ရက်နေ့ကတည်း တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်သည့် အတွက် ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့မှတဆင့် KIO အဖွဲ့ထံ သတိပေးအကြောင်းကြားခဲ့ကြောင်း၊ သို့သော် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ရိက္ခာပို့ဆောင်ရေးလမ်းကြောင်းအတွက် လမ်းဖောက်နေသည့် စစ်သည်နှင့် မြေထိုးယာဉ်များအား ထပ်မံလာရောက် ပစ်ခတ်သည့်အတွက် တပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ် တုံပြန်ရခြင်းဖြစ် ကြောင်း ပါရှိသည်၊ တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဗိုလ်သင်တန်းကျောင်းမှ သင်တန်းသား ၂၃ ဦး သေဆုံးကာ ၁၆ဦးခန့် ဒဏ်ရာရခဲ့သည်။