ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီး ခံထားရသည့် မောင်ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့က ၎င်းတို့ အနေဖြင့် ဗြိတိန် နိုင်ငံသား ၂ ဦးအပေါ် လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်းတို့ကို လုံး၀ ကျူး လွန်ခဲ့ခြင်းမရှိပဲ၊ နှိပ်စက်ညှင်းပန်းခံရ၍သာ အပြစ်ကျူးလွန်သည်ဟု ဝန်ခံခဲ့ရကြောင်း၊ ထို့အတွက် အမှုနှင့် ပတ်သက်၍ အကူအညီပေးရန် သေဆုံးသူ ဗြိတိန် နိုင်ငံသား ၂ ဦး၏ မိသားစုနှင့် ဗြိတိန် တာဝန်ရှိသူများ အား စာရေးတောင်းဆို အကူအညီတောင်းလိုက်ကြောင်း ဘန်ကောက်ပိုစ် သတင်းစာ တွင် ရေးသား ထား သည်။ ၎င်းစာကို ဗြိတိန်အခြေစိုက် The Guardian သတင်းစာ၏ သတင်းထောက် ပီတာ ဝေါလ်ကာထံ လွှဲ အပ်ခဲ့ခြင်းဖြစ်သည်၊အဆိုပါအမှုနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်သည့် ဥပဒေပညာရှင်များ၊ တရားရေး ပညာရှင်များ အဖွဲ့သည်လည်း လိပ်ကျွန်း လူသတ်မှု ဖမ်းဆီးခံ မြန်မာ ၂ ဦးကိစ္စနှင့် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ရောက်ရှိနေကြပြီး ၎င်းတို့ အာမခံရရှိရေးအတွက် တာဝန်ယူဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။