သတင်းတို

KIA ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရမှု ဝမ်းနည်းကြောင်း NLD ထုတ်ပြန်

This article has been converted from Zawgyi One to Unicode

အစိုးရစစ်တပ်က ကချင်ပြည်နယ် KIO ဋ္ဌာနချုပ် လိုင်ဇာရှိ ဗိုလ်လောင်းသင်တန်းကျောင်းအားလက်နက် ကြီးနှင့်ပစ်ခတ်ခြင်းနှင့် ပတ်သက်၍ အဖြစ်မှန်ဖော်ထုတ်ပေးရန်၊ သေကြေ ထိခိုက်နစ်နာခဲ့သူများအတွက် ကျေနပ်မှုရှိစေရေးလုပ်ဆောင်ပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ယနေ့နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့ ဗိုလ်လောင်းသင်တန်းကျောင်းအနီး ခါရာဘွမ်တွင် တပ်စွဲထားသော လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သင်တန်းသာ ၂၃ ဦးကျဆုံးပြီး သင်တန်း သားနှင့်နည်းပြ စုစုပေါင်း ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ခြင်းအပေါ်၌လည် ဝမ်းနည်းကြောင်းလည်း ဖော်ပြ ထားသည်။ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန်အတွက် ကြိုးစားဆောင် ရွက်နေချိန်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ထိခိုက်စေသည့် ဖြစ်ရပ်များ နောက်ထပ် မဖြစ်ပေါ်စေရေး ၂ ဖက် တပ်များကထိန်း သိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် လက်နက်ဖြင့် ဖြေရှင်း၍ မရကြောင်း၊ စားပွဲဝိုင်း တွင် ထိုင်၍ ပြေလည်ရန်ဆွေးနွေးခြင်းဖြစ်သည်ကို သတိပြုရန်လည်း  NLD ကြေညာချက်က ဆိုသည်။

Loading