သတင်းတို

အရွယ်မရောက်သေးသည့် ကလေးစစ်သား ၈၀ တပ်မှ ထွက်ခွင့်ပြု

This article has been converted from Zawgyi One to Unicode

တပ်မတော်အတွင်းရှိ အရွယ်မရောက်သေးသည့် ကလေးသူငယ် ၈၀ ကို တပ်မှထွက်ခွင့်ပြုပြီး၊ မိဘများထံ အပ်နှံခြင်းကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ အမှတ် (၁) စစ်ကြောရေး နှင့် တည်းခိုရေးစခန်းတွင် ကျင်းပ ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြ ထားသည်၊ မြန်မာနိုင်ငံနိုင်ငံ၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရန် ၂၀၁၂ ခုနှစ် ဇွန်လမှစတင်ကာ ဆောင်ရွက်နေရာ ယခုတကြိမ်လွှဲပြောင်းပေးခြင်းသည်း ၈ကြိမ်မြောက်ဖြစ်ပြီး၊ ကလေးစစ်သား စုဆောင်းမှုတွင် တာဝန်ရှိသည့် အရာရှိ ၄၈ဦးနှင့် စစ်သည် ၂၇၁ ဦးကိုလည်း အရေးယူထားကြောင်းဖော်ပြထားသည်။

Loading