ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝိုရာပေါင် ယမန်နေ့နံနက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နယ်စပ်ဒေသဆိုင်ရာ ကိစ္စများ၊ မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှု ဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးကြောင်း ယနေ့ထုတ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်၊ မြန်မာနိုင်ငံ ခရီးစဉ်သည် ထိုင်းကာကွယ်ရေးဦးစီးချုပ်၏ ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။