လိပ်ကျွန်းလူသတ်မှု တရားခံတွေအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦး အချုပ်လွတ်ထုချေခွင့်ရရေး အတွက် မြန်မာ သံရုံး အထူးစုံစမ်းရေး အဖွဲ့တွေက ဒီကနေ့မှာ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ မြန်မာအစိုးရက ထပ်မံစေလွှတ်လိုက်တဲ့ ဥပဒေ ပညာရှင်၊ မှုခင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နိုဝင်္ဘာလ ၂၆ ရက်နေ့ (ဒီကနေ့) မှာ ကော့စမွေမြို့ကို ရောက်ရှိနေပြီး တရားခံအဖြစ်စွပ်စွဲခံထားရတဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ကို ကော့စမွေ အကျဉ်းထောင်မှာ တွေ့ဆုံနေပြီဖြစ်တယ်လို့ သိရပါတယ်။ အာမခံလျှောက်နိုင်ရေး အတွက် မြန်မာလူငယ်နှစ်ဦးက လက်မှတ်ထိုးပေးပြီးတာနဲ့ ကော့စမွေခရိုင်တရားရုံးမှာ လျှောက်တင်တော့မှာဖြစ်ပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။