Crime

လိပ်ကျွန်း လူသတ်မှုမှ စွပ်စွဲခံ မြန်မာလူငယ်၂ ဦး အာမခံ လျှောက်ထားမှု ပယ်ချခံရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လိပ်ကျွန်းလူသတ်မှုမှာ တရားခံတွေအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးအတွက် အချုပ်လွတ် ထုချေခွင့် အာမခံ လျှောက်ထားမှုကို ထိုင်းနိုင်ငံကော့စမွေခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။

အချုပ်လွတ် ထုချေခွင့် အာမခံ ရရှိရေး အတွက် မြန်မာသံရုံး အထူးစုံစမ်းရေး အဖွဲ့ အနေနဲ့ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ထောက်ခံချက်နဲ့ ဒီကနေ့ မွန်းလွဲပိုင်းက ကော့စမွေ ခရိုင်တရားရုံးမှာ သွားရောက်လျှောက်ထား ရာမှာ တရားရုံးက ပယ်ချ လိုက်တာလို့ မြန်မာသံရုံးအထူးအဖွဲ့ကဆိုပါတယ်။

မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့် က “အာမခံလျှောက်ထားချက်ပယ်ချခံရတာက နိုင်ငံခြားသား ဖြစ် တယ်။  ကြီးမား တဲ့ ပုဒ်မတွေနဲ့ စွဲထားတဲ့ဟာဖြစ်နေတယ်။ ဖြစ်ရပ်ကလည်း ရက်စက် တဲ့ သတ်ဖြတ်မှုဖြစ်တယ်ဆိုပြီး အကြောင်းပြချက်တွေနဲ့ အာမခံလျှောက်ထားမှုကို ပယ်ချခဲ့တာပါ”လို့ ဧရာဝတီကို ပြောပါတယ်။

အာမခံလျှောက်တင်ချက်ဟာ မြန်မာသံရုံးထောက်ခံချက်တခုတည်းနဲ့ လျှောက်တင်ခဲ့တာဖြစ်ပြီး အောင်မြင် မှု မရတာ ကြောင့် အာမခံချက်ရရေး ထပ်မံလျှောက်ထားဖို့အတွက် မြန်မာနှစ်ဦး အရေး လိုက်ပါဆောင်ရွက် ပေးနေတဲ့ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၊ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်မောင်တို့နဲ့ တိုင်ပင်ပြီး အမြန်ဆုံး ဆောင်ရွက်သွား ဖို့ရှိတယ်လို့ သိရပါတယ်။

အာမခံ ထပ်မံလျှောက်ထားခွင့်ရှိတာကြောင့် နောက်တကြိမ်လျှောက်တင်ရာမှာတော့ ထိုင်းနိုင်ငံသားရဲ့ အာမခံချက်နဲ့ အာမခံကြေးငွေတင်သွင်းသွားမှာဖြစ်တယ်လို့ သိရပြီး အာမခံကြေးအဖြစ် တဦးလျင် အနည်းဆုံး ဘတ်ငွေ ၅ သိန်း ကုန်ကျဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

“ပယ်ချတဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ ဒါက တရားရုံးရဲ့ ဆင်ခြင်တုံတရားပါ။ ပေးပိုင်ခွင့်ရှိတယ်၊ မရှိဘူး ဆိုတာက တရားရုံး အပေါ်မှာမူတည်ပါတယ်။ အခုအချိန်မှာ မပေးတာကို ကျနော်တို့အနေနဲ့ အထူးပြောစရာ မရှိဘူး။ သို့သော် သူတို့ ပယ်ချ တဲ့ အာမခံ အကြောင်းပြချက်တွေကို နောက်ပိုင်းမှာ အန်ကယ်တို့ဘက် ကနေပြီး တက်နိုင်သလောက် ပြည့်စုံ အောင် တည်ဆောက်ပြီး ပြန်လျှောက်မယ်လို့ စီစဉ်ထားပါတယ်” လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြီးခဲ့တနင်္ဂနွေနေ့က ထိုင်းနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် လာရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြု ညီလာခံ ဥက္ကဋ္ဌ H.E Prof. Pornpetch Wichitcholchai တို့နဲ့တွေ့ဆုံရာမှာ လိပ်ကျွန်းလူသတ်မှု တရားခံတွေအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦး အချုပ်လွတ် ထုချေခွင့်ရရှိရေး တောင်းဆိုမှုတွေလုပ်ခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက လိပ်ကျွန်းလူသတ်မှုမှာ ဗြိတိန်နိုင်ငံအနေနဲ့ နစ်နာမှု တွေရှိထားတဲ့အတွက် ကျေနပ် မှုရှိအောင် ဆောင်ရွက်ပေးရမှာဖြစ်သလို မြန်မာအစိုးရနဲ့လည်း ချစ်ကြည် ရင်းနှီးမှု မပျက်အောင် ဆောင်ရွက် သွား မယ်လို့ ပြောဆိုတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဧရာဝတီကို မနေ့ကပြောဆိုပါတယ်။

ကော့စမွေ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ နှစ်ဦးကတော့ ကျန်းမာ ရေး ကောင်းမွန် တာကိုတွေ့ရတယ်လို့  ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading