Military

မိုးကျရွှေကိုယ်များ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့တဲ့ ၁၂ နှစ်က အာဏာရှင် ဦးနေဝင်း ကွယ်လွန်ခဲ့ပါတယ်။ ဒါပေမယ့် သူချန်ထားခဲ့တဲ့ အမွေဆိုးကတော့ မြန်မာနိုင်ငံမှာ ဆက်လက်ရှင်သန်နေတုန်းပါ။ ဆယ်စုနှစ်နှစ်ခုကြာ သူ့အုပ်ချုပ်မှုရဲ့ အဆိုးဝါးဆုံးတွေထဲက တခုကတော့ “မိုးကျရွှေကိုယ်” တွေကို ဖန်တီးပေးခဲ့တာပါပဲ။

အစိုးရ ဝန်ကြီးဌာနတွေနဲ့ အခြားအုပ်ချုပ်ရေးပိုင်း ရာထူးကြီးကြီးတွေကို စစ်တပ်ခေါင်းဆောင်တွေရဲ့ တိုက်ရိုက်ခန့်အပ်မှုနဲ့ နေရာအခန့်သား ဝင်ယူကြတဲ့ တပ်မတော် အရာရှိတွေကို မိုးကျရွှေကိုယ်လို့ မြန်မာတွေက ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးစနစ် ပျက်စီးခဲ့ရတာဟာ ဒီမိုးကျရွှေကိုယ် စနစ်ကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်လို့ ဒီစနစ်ထဲ မြန်မာပြည်ကို မသွတ်သွင်းခဲ့ရင် နိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တွေမှာ နာလန်မထူနိုင်ဖြစ်ပြီး အာရှရဲ့ အဆင်းရဲဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။

အုပ်ချုပ်ရေး ဗျူရိုကရေစီယန္တရားထဲမှာဝန်ကြီး ဌာနတွေရဲ့ အရာရှိငယ်တွေကနေ သမ္မတရာထူးအထိ ရာထူးပေါင်းစုံကို တာဝန်ထမ်းဆောင်ဆဲနဲ့ အငြိမ်း စား တပ်မတော်အရာရှိတွေကို ခန့်အပ်တဲ့ ကျင့်သုံးမှု ဟာ (စေတနာကောင်းနဲ့လို့ဆိုဆို) နိုင်ငံတကာအစိုးရ တွေရဲ့ အုပ်ချုပ်ရေးမှာမရှိသလောက်ကိုရှားပါတယ်။

၁၉၆၂ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီး အာဏာရလာတဲ့အခါ  ဗိုလ်ချုပ်ကြီး  နေဝင်းဟာ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရစဉ် အချိန် က တည်းက အရပ်သားတွေ လွှမ်းမိုးထားတဲ့ အစိုးရ အုပ်ချုပ်ရေးယန္တရားကို မြေလှန်ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

၁၉၄၈ ခုနှစ် ဇန်နဝါရီမှာဗြိတိသျှ လက်အောက် ကနေ လွတ်လပ်ရေးရလာတဲ့အချိန်မှာ မြန်မာနိုင်ငံ ရဲ့ ပထမဆုံးအစိုးရအဖွဲ့ကို နိုင်ငံရဲ့ပထမဆုံးဝန်ကြီး ချုပ်ဖြစ်သူ ဦးနုက အရပ်သားအများစုနဲ့ ဖွဲ့စည်းခဲ့ ပါတယ်။ ဝန်ကြီး ၁၉ ယောက်ထဲမှာ ၃ ယောက်က သာ စစ်တပ်မှာ တာဝန်ထမ်းဆောင်ဆဲ သို့မဟုတ် အငြိမ်းစား တပ်မတော် အရာရှိဟောင်းတွေ ဖြစ်ပါ တယ်။ အစိုးရအဖွဲ့ရဲ့ ၈၅ ရာခိုင်နှုန်း နီးပါးဟာ အရပ်သားဝန်ကြီးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

၁၉၅၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးပါလီ မန်ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း ဦးနုရဲ့ပါတီကပဲ အနိုင်ရခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ် မှာတော့အစိုးရအဖွဲ့ကိုဝန်ကြီး ၂၂ ယောက်နဲ့ဖွဲ့စည်း ခဲ့ပြီးသူတို့ထဲက  ၂  ယောက်ကသာ အငြိမ်းစား တပ်မတော် အရာရှိဟောင်းတွေ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ ဒီအရပ် ဘက် စစ်ဘက် အချိုးအစားဟာ မပြောင်းလဲဘဲရှိခဲ့ပြီး ဦးနုကနေ  ဗိုလ်ချုပ်နေဝင်းရဲ့ ကြားဖြတ်အစိုးရကို အာဏာလွှဲပေးခဲ့တဲ့ ၁၉၅၈ ကနေ ၁၉၆၀ အထိ ၂ နှစ်တာကာလသာ ြွခင်းချက်အနေနဲ့ ရှိခဲ့ပါတယ်။

ဒီအရပ်ဘက်အုပ်ချုပ်ရေးစနစ်ကြောင့် အစိုးရ အဖွဲ့တွေမှာ မတူကွဲပြားပြီး အရည်အချင်းပြည့်ဝတဲ့ လုပ်ငန်း ကျွမ်းကျင်သူ ပရော်ဖက်ရှင်နယ်တွေက အစိုးရအုပ်ချုပ်ရေးမှာ နေရာယူနိုင်ခဲ့ပါတယ်။ ဒီကာလအတွင်းမှာ တာဝန်ယူခဲ့တဲ့အစိုးရတွေဟာ ပြည်နယ်တွေမှာသက်ဆိုင်ရာ တိုင်းရင်းသားဝန်ကြီး အများအပြားကိုလည်း ခန့်အပ်ခဲ့ပါတယ်။

ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းလိုက်ချိန်မှာတော့ ဒါတွေအားလုံးပြောင်း လဲသွားပါတယ်။ တော်လှန်ရေးကောင်စီ အစိုးရရဲ့ ဥက္ကဋ္ဌအနေနဲ့ သူဟာ အဖွဲ့ဝင် ၈ ယောက်ပါတဲ့အစိုးရ အဖွဲ့ကိုဖွဲ့စည်းခဲ့ရာမှာတော့ ၇ ယောက်ဟာ တပ်မ တော်အဆင့်မြင့် အရာရှိကြီးတွေဖြစ်ပြီး နိုင်ငံခြားရေး နဲ့ အလုပ်သမားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံ ရတဲ့ ဦးသီဟန် တယောက်သာ အရပ်သားပါပါတယ်။

ဒီအချိန်ကနေစပြီး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့အစိုးရ အဖွဲ့ကို တပ်မတော်သားတွေကသာ စိုးမိုးခဲ့ပါတယ်။ တခါတရံမှာ သူ့အစိုးရအဖွဲ့မှာ အရပ်သားဝန်ကြီး တယောက်တောင် မပါတဲ့ အခါတွေ ရှိခဲ့ပါတယ်။

၁၉၇၄ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးတဲ့နောက်မှာတောင်မှ တာဝန်ထမ်းဆောင် ဆဲနဲ့ အငြိမ်းစားတပ်မတော်အရာရှိတွေဟာ အစိုးရ အဖွဲ့ရဲ့ အရေးပါတဲ့ နေရာအားလုံးကို ယူထားခဲ့ကြ တာပါ။

ဒါပေမယ့် ဒါဟာ အဲဒီကာလရဲ့ အစိုးရတွေ လုံးဝ ဆိုးဝါးတယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ် ပီသပြီး အရည်အချင်းပြည့်ဝတဲ့ အုပ်ချုပ် ရေးအရာရှိတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ အမြဲတမ်းလိုလို ကိုယ်တာဝန်ယူထားတဲ့ အပိုင်းနဲ့ ပတ်သက်ပြီး အနည်းငယ်သာသိတဲ့ ဒါမှမဟုတ် ဘာမှမသိတဲ့ တာဝန်ထမ်း ဆောင်ဆဲနဲ့ အငြိမ်းစားတပ်မတော်အရာရှိတွေရဲ့ လက်အောက်မှာ အလုပ်လုပ်ခဲ့ရပါတယ်။

ဒီလိုလုပ်ဆောင်မှုကြောင့် ယိမ်းယိုင်ပြိုပျက်လာတဲ့ စာရိတ္တပြဿနာကို စာဖတ်သူတို့ မျက်ဝါးထင်ထင် မြင်နေရပါပြီ။ အသိပညာရှင်၊ အတတ်ပညာရှင် တွေ မြန်မာနိုင်ငံကိုစွန့်ခွာပြီး နိုင်ငံခြားကိုဘာကြောင့် ထွက်သွားလဲဆိုတာ သိနေကြပြီဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ယိုရှီဟီရိုနာကနိရှိ ရေးတဲ့ “သန်မာသော စစ်သားများနဲ့ ကျရှုံးသော တော်လှန်ရေး” စာအုပ်မှာ ၁၉၇၀ ခုနှစ်များ အလယ်ပိုင်း ကာလတွေကနေ ၁၉၈၀ ခုနှစ်များနှောင်းပိုင်းကာလ တွေအထိ မြန်မာအစိုးရဝန်ကြီး ၉၄ ရာခိုင်နှုန်းဟာ တာဝန်ထမ်းဆောင်ဆဲနဲ့ အငြိမ်းစား တပ်မတော်အရာရှိတွေ ဖြစ်ပါတယ်။ ယိုရှီဟီရို နာကနိရှိက မြန်မာနဲ့ ထိုင်းနိုင်ငံကို နှိုင်းယှဉ်ဖော်ပြခဲ့ပြီး အဲဒီကာလအတွင်း ထိုင်းနိုင်ငံအ စိုးရအဖွဲ့အတွင်း စစ်အရာရှိတွေ ပါဝင်မှုဟာ အကြမ်းဖျင်း ၂၅ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

နာကနိရှိရဲ့ ခန့်မှန်းချက်အရ ၁၉၇၂ ကနေ ၁၉၇၈ အထိ ၆ နှစ်တာ ကာလအတွင်း စစ်တပ်ဟာ အစိုးရဝန်ကြီးဌာနတွေ အပါအဝင် ဦးနေဝင်းဖွဲ့စည်း တည်ထောင်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှာ တန်ခိုးအာဏာထွားခဲ့တဲ့ ဒေသန္တရ ပြည်သူ့ကောင်စီ တွေဆီကို တပ်မတော်အရာရှိ ၂၀ဝ၀ ကျော်ရွှေ့ပြောင်း ခန့်အပ်ခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ အရပ်ဖက်ဝန်ထမ်းတွေရဲ့ လွှမ်းမိုးမှု ကျဆင်းခြင်းဟာ စစ်တပ်အရာရှိတွေနဲ့ လွှမ်းမိုးမှု မြင့်တက်လာခြင်းနဲ့ လုံးဝ ပတ်သက် ဆက်စပ်နေပါတယ်” လို့ နာကနိရှိက ရေးသားထားပါတယ်။

ဦးနေဝင်းဟာ မြန်မာနိုင်ငံရဲ့ အရပ်ဘက်အုပ် ချုပ်ရေးကို စနစ်တကျ ဖျက်ဆီးခဲ့ပြီး တိုင်းပြည်တိုးတက်မှုကို ရာစုနှစ်တဝက်နီးပါး နှောင့်နှေးစေခဲ့တဲ့ စစ်အုပ်ချုပ်ရေးကိုအစားထိုးခဲ့ပါတယ်။ သူ့ရဲ့နောက် က စစ်အစိုးရတွေဟာလည်း ၂၀၁၁ခုနှစ်အထိ သူ့ခြေရာကို လိုက်နင်းခဲ့ပါတယ်။

ပိုဆိုးတာကတော့ လက်ရှိသမ္မတဦးသိန်းစိန်ဟာ အရပ်ဘက်အစိုးရ အမည်ခံနေပေမယ့် ဒီမူဝါဒကို ကောင်းကောင်းကြီး ဆက်လက်ကျင့်သုံးနေတာပါပဲ။ “ပြုပြင်ပြောင်းလဲရေးသမား”တွေ ဦးစီးတဲ့ အစိုးရအဖွဲ့ ထဲမှာ တာဝန်ထမ်းဆောင်ဆဲနဲ့အငြိမ်းစားတပ်မတော် အရာရှိတွေဟာ အဓိကဝန်ကြီးနေရာတွေနဲ့ ရာထူးကြီးကြီးနေရာတွေကို ယူထားဆဲပါပဲ။

၂၀၁၁ ခုနှစ် မတ်လမှာ ဦးသိန်းစိန်ဟာ သူ့ရဲ့ “အရပ်သားအစိုးရ” ကို စတင်ဖွဲ့စည်းခဲ့ချိန်မှာအစိုးရ ဝန်ကြီး ၃၆ နေရာမှာ ၂၉ နေရာကို တာဝန်ထမ်း ဆောင်ဆဲနဲ့ အငြိမ်းစား တပ်မတော်အရာရှိတွေကို ခန့်အပ်ခဲ့ပါတယ်။ ဒါဟာ အံ့ဩစရာတော့ မဟုတ် ပါဘူး။ ဒါပေမယ့် ဒါဟာ ဦးသိန်းစိန်အနေနဲ့ ဦးနေ ဝင်း စတင်ကျင့်သုံးခဲ့တဲ့ “မိုးကျရွှေကိုယ်”မူဝါဒကို ဆက်လက်ကျင့်သုံးနေကြောင်း ခိုင်မာတဲ့သက်သေပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်းလည်းဒီသမ္မတ တဖြစ်လဲ ဗိုလ်ချုပ်ကြီးဟောင်းရဲ့ အစိုးရအဖွဲ့အတွင်း ဝန်ကြီးအပြောင်းအလဲတွေ အကြိမ်အနည်းငယ်ပြု လုပ်ခဲ့ပေမယ့် လက်ရှိအနည်းဆုံးတာဝန်ထမ်းဆောင် ဆဲနဲ့ အငြိမ်းစားတပ်မတော်အရာရှိ ၂၉ ယောက်ဟာ အဓိက ဝန်ကြီးဌာနတွေကို တာဝန်ယူထားဆဲပါ။

အချုပ်အားဖြင့် တပ်မတော်ရဲ့ ဆယ်စုနှစ်များ စွာကြာ နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှုဟာနိုင်ငံ ရဲ့ အုပ်ချုပ်ရေးယန္တရားကို ကောင်းကောင်းကြီး ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဦးသိန်းစိန်က ဒီမူဝါဒဆိုးကို ကုစားပစ်ဖို့ ရည် ရွယ်ချက်ရှိပုံ မပေါ်ပါဘူး။ သူ့ရဲ့ စစ်တပ်အသိုင်း အဝိုင်းကို အခွင့်ထူးမပေးဘဲ လူမှန်နေရာမှန် ရာထူး ခန့်အပ်ဖို့ စိတ်ကူးရှိတဲ့ပုံ မပေါ်ပါဘူး။ တကယ်လို့ သူသာ ရည်ရွယ်ရင်းရှိခဲ့ရင် ပြီးခဲ့တဲ့သုံးနှစ်အတွင်း သူ့မှာ အချိန်အများကြီး ရှိခဲ့ပါတယ်။ သူလုပ်လို့ ရတာပေါ့။

ဒါပေမယ့် ဦးသိန်းစိန်ဟာ သူ့ရဲ့ဘော့စ်အငြိမ်း စား ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ စောင်မမှုနဲ့ ၂၀၁၁ ခုနှစ်မှာ သမ္မတဖြစ်လာတယ်ဆိုတာ ဘယ် သူမှ သံသယမရှိပါဘူး။ ၂၀၁၁ ခုနှစ်ကစလို့မြန်မာ နိုင်ငံဟာ အနည်းငယ် ပွင့်လင်းလာပေမယ့် အစိုးရကတော့ အရပ်ဘက် ဝတ်စုံပြောင်းလဲ ဝတ်ဆင်ထားတဲ့ စစ်တပ်အရာရှိတွေ ဆက်လက်ကြီးစိုးနေဆဲပါပဲ။

ဒီပုံအတိုင်းဆို ရှေ့မှာလည်း အစိုးရရာထူးတွေ သာမက နိုင်ငံရဲ့ထိပ်ပိုင်းရာထူးတွေအတွက် မိုးကျ ရွှေကိုယ်တွေကို ခန့်အပ်မှုဟ ဆက်လက်ရှိနေနိုင် ပါတယ်။ ဒီမိုးကျရွှေကိုယ် စနစ်ရှိနေသမျှ ကာလပတ်လုံးတော့ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ ရှာဖွေနေတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီကို ရရှိဖို့ ဦးဆောင်ပေးမယ့် ခေါင်းဆောင်တွေကို တွေ့မြင်ခွင့်ရဦးမှာ မဟုတ်ဘူး ဆိုတာကတော့ အသေအချာပါပဲ။

(၂၀၁၄ နိုဝင်ဘာလထုတ် The Irrawaddy မဂ္ဂဇင်းပါ From Top Brass to a Bureaucratic Class ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading