နိုင်ငံရေးအကျဉ်းသားဟောင်း ကိုလှမျိုးနောင် ( အသက် ၄၈ နှစ် ) သည် ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်က ရန်ကုန်မြို့ သင်္ကန်း ကျွန်းမြို့နယ် စံပြဆေးရုံကြီးတွင် အသည်းရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်သွားကြောင်းသိရသည်။ ကိုလှမျိုးနောင်သည် ၁၉၈၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေ နောက်ဆုံးနှစ် ကျောင်းသားအဖြစ် တက်ရောက်ခဲ့ပြီး၊ ရှစ်လေးလုံး ကျောင်းသား လှုပ်ရှားမှု များတွင် ပါဝင်ခဲ့သူဖြစ်ပြီး၊ စစ်တပ်ကအာဏာသိမ်းပြီး နိုင်ငံရေးလှုပ်ရှားမှုများဆက်လက်လုပ်ဆောင်မှုကြောင့် ၁၉၉၀ ခုနှစ်မှစ၍ အကျဉ်းထောင်ထဲတွင် ၅ နှစ်ကျော် ဖြတ်သန်းခဲ့ရသည်၊ ထို့နောက် ၂၀၀၅ ခုနှစ်တွင် စတင်စုစည်းသည့် ၈၈ မျိုးဆက်ကျောင်းသား များ အဖွဲ့တွင် တက်ကြွစွာပါဝင်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်က လောင်စာဆီ ဈေးနှုန်း အစိုးရကမြှင့်တင်လိုက်၍ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ရာ စစ်အစိုးရ ၏ ထပ်မံ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၆၅ နှစ် ၆ လ ပြစ်ဒဏ်ချ မှတ်ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ကိုလှမျိုးနောင် သည် အကျဉ်းထောင် မှ ပြန်လည်လွတ်မြောက်ခဲ့ပြီး ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ပါဝင် လုပ်ဆောင်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။