Crime

လိပ်ကျွန်းလူသတ်မှု ၆ ကြိမ်မြောက် ရမန်ထပ်ယူ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုတွင် စွပ်စွဲ ဖမ်းဆီးခံ မြန်မာလူငယ် ၂ ဦးနှင့် ပတ်သက်၍ တရားလို ထိုင်းရဲတပ်ဖွဲ့က အမှုပြည့်စုံအောင် တင်ပြနိုင်ခြင်း မရှိသေးသည့်အတွက် ဆက်လက် ချုပ်နှောင်နိုင်ရန် ယနေ့ ကော့စမွေ တရားရုံးတွင် ၆ ကြိမ်မြောက် ရမန်ထပ်ယူလိုက်ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့ အနေဖြင့် လိပ်ကျွန်း လူသတ်မှု အမှုတွဲနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၃ ရက်မှ ၁၄ ရက်အထိ ၁၂ ရက် အတွင်း အမှုတွဲအား ပြည့်စုံအောင် ပြင်ဆင်၍ တင်ပြသွားမည်ဟု တရားရုံးတွင် ဦးတိုက်လျှောက် ထားခဲ့သည်ဟု  လိပ်ကျွန်းအရေး ကူညီဆောင်ရွက်ပေး နေသည့် မြန်မာသံရုံး အထူးအဖွဲ့မှ ဦးထူးချစ် ဧရာဝတီသို့ ပြောသည်။

“အဓိက သက်သေတဦးဖြစ်တဲ့ နိုင်ငံခြားသား ခရစ္စတိုဖာ ဆိုသူကလည်း ထိုင်းနိုင်ငံပြင်ပမှာ ရောက်ရှိနေပြီဖြစ်လို့ ခေါ်ယူစစ်ဆေးဖို့ မလွယ်ကူကြောင်းကိုလည်း တင်ပြသွားတယ်။ အခုတော့ တရားရုံးက ၆ ကြိမ်မြောက် ရုံးချိန်း ထပ်ချိန်း လိုက်ပါတယ်”ဟု သူက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာလူငယ်နှစ်ဦးအတွက် အချုပ်လွတ် ထုချေခွင့် အာမခံ လျှောက်ထားမှုကို မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ထောက်ခံချက်နှင့်တကွ တင်ပြခဲ့သော်လည်း  ထိုင်းနိုင်ငံ၊ ကော့စမွေခရိုင် တရားရုံးက ပယ်ချခဲ့သည်။

အဆိုပါ မြန်မာနှစ်ဦးအရေး လိုက်ပါဆောင်ရွက် ပေးနေသော ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၊ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင်တို့ တိုင်ပင်ဆွေးနွေးပြီး အာမခံရရှိရန် အာမခံချက်နှင့် အာမခံကြေးငွေ တင်သွင်းသွား ရန်လည်း စီစဉ်နေကြသည်။

အာမခံကြေးအဖြစ် တဦးလျှင် အနည်းဆုံး ဘတ်ငွေ ၅ သိန်း ကုန်ကျနိုင်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့်  နိုဝင်ဘာလ ၂၃ ရက်နေ့က ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်ခဲ့စဉ် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ထိုင်းနိုင်ငံ အမျိုးသား ဥပဒေပြု ညီလာခံ ဥက္ကဋ္ဌ H.E Prof. Pornpetch Wichitcholchai တို့နှင့် လိပ်ကျွန်းလူသတ်မှု တရားခံများအဖြစ် စွပ်စွဲ ဖမ်းဆီးခံထားရသော မြန်မာလူငယ်နှစ်ဦး အချုပ်လွတ် ထုချေခွင့်ရရှိရေး တောင်းဆိုခဲ့သည်။

ထိုစဉ်က ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက လိပ်ကျွန်းလူသတ်မှုမှာ ဗြိတိန်နိုင်ငံ အနေဖြင့် နစ်နာမှုများ ရှိသည့် အတွက် ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ မြန်မာအစိုးရနှင့်လည်း ချစ်ကြည် ရင်းနှီးမှု မပျက်အောင် ဆောင်ရွက်သွားမည်ဟု ပြောဆိုကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဧရာဝတီကို ရှင်းပြခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading