သတင်းတို

စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေး ကိုရီးယားကူညီမည်

This article has been converted from Zawgyi One to Unicode

မြန်မာ့လယ်ယာကဏ္ဍတိုးတက်ရေးအတွက် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(KOICA)၏ အကူအညီအဖြင့် အမေရိကန် ဒေါ်လာ ၂၂ သန်းသုံးစွဲကာ နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ တိုင်းဒေသကြီးများနှင့် မွန်ပြည်နယ်၊ ရှမ်းပြည်နယ်များတွင် ကျေးရွာပေါင်း ၁၀၀ ကျော်တွင် ဆဲလ်မားအူးအွန်ဒုံ ဟု အမည်ပေး ထားသည့် သင်တန်းကျောင်းများဖွင့်လှစ်သွားရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်းကြီးဌာနှင့်KOICA တို့ ဆွေးနွေးနေကြောင်း ယနေ့ထုတ်သတင်းစာများတွင် ရေးသားထား သည်။ အရှေ့တောင်အာရှတွင် အကြီးဆုံး သင်တန်းဌာနဖြစ်သည့် ဆဲလ်မားအူးအွန်ဒုံ သင်တန်းကျောင်းများ ၌ မဟာသိပ္ပံဘွဲ့သင်တန်းနှင့် အခြားကာလတို သင်တန်းများဖွင့်လှစ်ကာ တကမ္ဘာလုံးမှ လာရောက်လေ့လာ နိုင်စေရန် စီစဉ်ထားကြောင်း သိရသည်။

Loading