နော်ဝေနိုင်ငံ ဟာရယ်ဘုရင်၏ ရေလမ်းခရီးဖြင့် မန္တလေးသို့ လာရောက်မည့် ခရီးစဉ်မတိုင်မီ မန္တလေး ကမ်း နားလမ်း၊ ဂေါဝိန်ဆိပ်မှ ရှမ်းကလေးကျွန်း အကြားရှိ ကျူးကျော်အိမ်များကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁ရက်နေ့က မန္တလေး စည်ပင် သာယာမှ ဘူဒိုဇာဖြင့် ထိုးကာ ဖယ်ရှားခဲ့ကြောင်း၊ ဂေါဝိန်ဆိပ်တခုထဲပင်လျှင် ကျူးကျော် အိမ်ခြေ ၇၀ ဖျက်ဆီးခံခဲ့ရပြီး၊ လူဦးရေ ၂၀၀ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ကြောင်း မန္တလေးမြို့ခံ သတင်းသမားတဦးက ပြောသည်၊ အဆိုပါ ကျူးကျော်အိမ်များတွင် ဆိပ်ကမ်းများကိုမှီ၍ လုပ်ကိုင်စားသောက်နေသည့်မိသားစုများ နေထိုင်ကြပြီး၊ မန္တလေးစည်ပင်သာယာမှ ယခင်ကတည်းက ဖယ်ရှားရန် သုံးကြိမ်ခန့် ကြိုးစားခဲ့သော်လည်း ယခုအခါ စက်ယန္တရားဖြင့် အပြီးတိုင်ဖျက်သိမ်းခြင်းဖြစ်သည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။