သတင်းတို
အော်ရီးဒူးနှင့် တယ်လီနော ကုမ္ပဏီအား အစိုးရမြေ ငှားရမ်းနှုန်း သတ်မှတ်
This article has been converted from Zawgyi One to Unicode
အစိုးရပိုင် မြေများတွင် အော်ရီဒူးနှင့် တယ်လီနော ကုမ္ပဏီများက တာဝါတိုင် စိုက်ထူးခြင်း လုပ်ငန်းအတွက် မြေငှားရမ်းခ ဈေးနှုန်းကို တလလျှင် ကျပ် သုံးသိန်းနှုန်းပေးရမည်ဟု နိုင်ငံတော် သမ္မတရုံးက သတ်မှတ်ပေးလိုက်ကြောင်း ၊ သို့သော် မြို့ပြင်တွင် စိုက်ထူလျှင် တလလျှင် ကျပ်နှစ်သိန်း သာဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှပြောသည်၊ လက်ရှိတွင် တယ်လီနော် ကုမ္ပဏီသည် ရန်ကုန်၊ မန္တလေး၊နေပြည်တော် မြို့ကြီးများတွင် တာဝါတိုင်ပေါင်း ၆၀၀ ကျော် တည်ဆောက် ပြီးစီးထားပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တာဝါတိုင်များ ဆက်လက် တည်ဆောက်ရန် ရှိကြောင်းသိရသည်။