သတင်းတို
ပြည် ကျောင်းသားများ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြ
This article has been converted from Zawgyi One to Unicode
အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ပြည်မြို့ရှိ ကွန်ပြူတာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် နှင့် အခြေခံပညာ အထက်တန်းများ အပါအဝင် ကျောင်းသားမျာ၅၀ ခန့် ယနေ့နံနက် ၁၀နာရီခန့်က ဘုရားကြီး ဘုရား အနီးရှိ ကွန်ပြူတာတက္ကသိုလ်မှ ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ကာ သံတချောင်းလမ်းရှိ ပြည်တက္ကသိုလ်သို့ ချီတက်လာကြောင်း ပြည်မြို့ခံ ဧရာဝတီသတင်းထောက် ဆလိုင်းကောင်းမြတ်မင်းက မှ သတင်းပို့သည်၊ ဆန္ဒပြ ကျောင်းသားများကို ရဲတပ်ဖွဲ့က တားဆီးသော်လည်း ဆက်လက်ချီတက်လာကြောင်း၊ ပြည်တက္ကသိုလ်မှ သံတချောင်းလမ်းအတိုင်း ဗိုလ်ချုပ်ကျောက်ရုပ်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။