သတင်းတို

ဒေါ်လာ သန်း ၉၀၀ အီးယူက မြန်မာပြည်ကို ၇ နှစ်စာ ထောက်ပံ့မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အီးယူ ခေါ် ဥရောပသမဂ္ဂက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပါအဝင် “များစွာသော အကူးအပြောင်းများ” အတွက် ၇ နှစ်စာ အမေရိကန်ဒေါ်လာ သန်း ၉၀၀ (ယူရို ၆၈၈ သန်း) ထောက်ပံ့မည်ဟု ကြေညာလိုက်သည်။ ထုတ်ပြန်ကြေညာချက်အရ ၂၀၁၄ မှ ၂၀၂၀ ထိ ထောက်ပံ့မည့် အဆိုပါအစီအစဉ်တွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှု၊ အာဟာရနှင့် အစားအသောက် ထောက်ပံ့ရေး၊ ပညာရေး ထောက်ပံ့ကူညီရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေးစနစ် တိုးတက်ရေးတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading