Women

အကြမ်းဖက်ခံ အမျိုးသမီးများ စိတ်ပိုင်း၊ ရုပ်ပိုင်း ပြန်လည်တိုးတက်ရန် ဝန်ဆောင်မှုလုပ်ငန်းများ လိုအပ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အကြမ်းဖက်ခံခဲ့ရသည့် အမျိုးသမီးများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ရန် အတွက်  ဝန်ဆောင်မှု လုပ်ငန်းများ နည်းပါနေသေးကြောင်း အခရာ အမျိုးသမီး လူမှုအဖွဲ့အစည်း၏ သုတေသန စာတမ်းအရ သိရသည်။

အကြမ်းဖက် ခံရသည့် အမျိုးသမီးများနှင့် ကလေးငယ်များကို ဖေးမကူညီခြင်း သုတေသန စာတမ်းတွင် အမျိုးသမီးများ အတွက် ၂၄ နာရီ အရေးပေါ် ခေါ်ဆိုနိုင်မည့် (Hot Line) ထားရှိမှု၊ အရေးပေါ် ကာလများတွင် သတိနှင့် သေချာစွာ ကိုင်တွယ်ဖြေရှင်းနိုင်မှု၊ ကျန်းမာရေး နှင့် တရားမျှတမှု ကဏ္ဍများ၊ ပြန်လည်ပြုပြင်ခြင်း၊ လုပ်ငန်းအသိပေး ဆွေးနွေးမှုများ နည်းပါး နေသေးသဖြင့် အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းများ ထားရှိသင့်ကြောင်းကိုလည်း ရေးသားဖော်ပြထားသည်။

ယင်းသုတေသန စာတမ်း ထွက်ပေါ်လာရေးအတွက် အကြမ်းဖက်ခံရသော အမျိုးသမီးများကို ကူညီဝန်ဆောင်မှု ပေးနေသည့် လူမှုအဖွဲ့အစည်း (CSO) များ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း (INGO) များ၊ အစိုးရ အဖွဲ့အစည်းများကို မေးမြန်းပြီး လေ့လာချက်များအရ ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း အခရာ အမျိုးသမီး အဖွဲ့အစည်းမှ ဒါရိုက်တာ မထားထားက ဧရာဝတီသို့ ပြောသည်။

“မြန်မာပြည်မှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ ပြန်ကုစားပေးတဲ့ ဝန်ဆောင်မှုက မရှိသလောက် ပါပဲ။ အဖွဲ့အစည်း တွေကတော့ တတ်နိုင်သလောက်တော့ လုပ်နေတာပဲ။ ဒါပေမယ့် ဘက်ပေါင်းစုံ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှု မရှိသေးဘူး” ဟု မထားထား က ဆိုသည်။

ဆက်လက်ပြီး ၎င်းက “အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ ကုစားဖို့အတွက် Center ကို နောက်နှစ် လောက်မှာ ဖွင့်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ သုတေသနကို ၆ လ အချိန်ယူပြီး လုပ်ဆောင်ထားပါတယ်။ အင်္ဂလိပ်လိုတော့ ပြီးသွားပါပြီ။ မြန်မာလိုဘာသာပြန်ဖို့ လိုသေးတယ်” ဟု မထားထားက ပြောသည်။

အမျိုးသမီးများ အကြမ်းဖက်ခံရမှုအတွက် သင့်တော်သော ဥပဒေမရှိဘဲ၊ အကြမ်းဖက်ခံရသူ အပေါ် အပြစ်ပုံချ တက်သော ဓလေ့တို့ ရှိနေသေးကြောင်း၊ အကြမ်းဖက်မှုကို တိုင်ကြားရန် အတွက် နည်းလမ်း အဆင့်ဆင့်မှာ မရှင်းလင်း မပြတ်သားဘဲ ရှုပ်ထွေးမှုရှိနေကြောင်း၊ ဥပဒေ ပြင်ပမှ ညှိနှိုင်း ဖြေရှင်းနေကြသေးကြောင်း အဆိုပါ သုတေသနစာတမ်းတွင် ထည့်သွင်း ရေးသားထားသည်ကို တွေ့ရသည်။

“တချို့ အမျိုးသမီးတွေက အိမ်ထဲမှာ နှိပ်စက်ခံရပြီး ဘယ်သူ့ကိုမှ ဖွင့်မပြောရဲတာတွေ ရှိတယ်။ သူတို့ခံစားချက်တွေကို ကျမတို့ နားထောင်ပေးပြီး သူ့ကို နှစ်သိမ့် ဆွေးနွေးမှု ပေးနိုင်မယ်။ အဲဒီလို Shelter တွေ ရှိရင် အမျိုးသမီးတွေက ခေါင်းငုံ့ ခံနေရမှာ မဟုတ်တော့ဘူး။ Shelter ဆိုတာ  ဖိနှိပ်ခံ၊ နှိပ်စက်ခံနေရတဲ့ အမျိုးသမီးတွေ အတွက် ရင်ဖွင့်ရာ၊ နှစ်သိမ့် ဆွေးနွေး ပေးရာ အကာအကွယ် နေရာ တခုပါပဲ” ဟု ဖန်တီးအိမ် ဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ်က ဧရာဝတီသို့ ပြောသည်။

ဆက်လက်ပြီး ယင်းစာတမ်းတွင် ဝန်ဆောင်မှု ပေးသူများ အတွက် ကျွမ်းကျင်မှုနှင့် စွမ်းရည်မြှင့်တင်မှု သင်တန်းများ ပေးသွားမည် ဖြစ်ကြောင်းနှင့် ဝန်ဆောင်မှု ပေးသူများ အချင်းချင်း ရှင်းလင်း ပြတ်သားသော လမ်းညွှန်ချက်များနှင့် ညှိနှိုင်း ဆောင်ရွက်မှုများ ရှိကြရန်လည်း ထည့်သွင်း ရေးသားထားသည်။

ထိုနည်းတူ မြန်မာပြည်တွင် အမျိုးသမီး များနှင့် မိန်းကလေးငယ် များသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်း ဆိုင်ရာနှင့် အိမ်တွင်း အကြမ်းဖက်မှု၊ ပတ်ဝန်းကျင်၏ အကြမ်းဖက်မှုနှင့် ဖွံ့ဖြိုးရေး စီမံကိန်း များကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်မှု အပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု များကို နေ့စဉ်နှင့် အမျှ ခံစားနေကြရကြောင်း နိုင်ငံတကာ အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေးနေ့ နိုဝင်ဘာ ၂၅ ရက် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ် (CEDAW) တွင် လက်မှတ် ရေးထိုးထားသော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ် ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုလျှက် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading