မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်များ အပါအဝင် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ မြှင့် တင်ရန် ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကို ထုတ်ချေးမည် ဖြစ်ရာ၊ ဧရာဝတီမြစ် ရေရှည်တည်တံ့ရေး ထိန်းသိမ်းဆောင်ရွက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲရေး အဖွဲ့အစည်းများ ထူထောင်ရေး၊ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အနာဂတ်တွင် ပြုလုပ်မည့် ရင်းနှီးမြုပ်နှံမှုများနှင် သက်ဆိုင်သည့် ဆုံးဖြတ်ချက် များ ချမှတ်ရာတွင် သတင်း အချက်အလက်များ မှန်ကန်ပြည့်စုံစွာ ရရှိနိုင်ရေးတို့တွင် အသုံးပြု သွားမည်ဖြစ်ပြီး၊ပြန်လည်ပေးဆပ်ရမည့် ချေးငွေ ဖြစ်သောကြောင့် အစိုးရသို့သာ ထုတ်ချေးခြင်းဖြစ်ရာ သက်တမ်း ၃၈ နှစ် ပေးထားသည့်အပြင် ဆိုင်းငံကာလ ၆ နှစ်ပါ ထပ်တိုးပေးထားကြောင်း ကမ္ဘာဘဏ် ထုတ်ပြန်မှု အရသိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။