ဗိုလ်ခင်ညွန့်၏ လျှို့ဝှက်အမိန့်စာ လူထုအတွင်း ပေါက်ကြားမှုကို အတုအယောင်စာအဖြစ် ချေဖျက်နိုင်ရန် မဆလတို့၏ တန်ပြန် သပိတ်ဖြိုခွဲရေး ကော်မတီမှ ထုတ်သည်ဟု ယူဆရသော လေတပ်ဗိုလ်ချုပ် တင်ထွန်း၊ ရေတပ်ဗိုလ်ချုပ် မောင်မောင်ခင်တို့ ပူးတွဲ သတိပေးကြေညာချက်စာတစောင် ရှစ်လေးလုံး အရေးတော်ပုံ ကာလ၌ ရန်ကုန်လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက် ပေါ်ခဲ့ဖူးပါသည်။ ယင်းသတိပေး ကြေညာ ချက်တွင် ဦးနေဝင်း နေထိုင်ရာ အေဒီလမ်း တည်နေရာကို မြေပုံညွှန်းနှင့်တကွ လေတပ် မှ ဗုံးကြဲမည်၊ ရေတပ်မှ အမြောက်နှင့်ပစ်မည်ဟု ဖော်ပြထားသဖြင့် ထိုစဉ်က လူထုစိတ်ကြိုက်သတင်း ဖြစ်ခဲ့ပါသည်။
ဒေါက်တာ မောင်မောင်၏ ၈၈ အရေးအခင်း (ဒုတွဲ) စာမျက်နှာ ၃၆၆-၃၆၈ ပါ ဖော်ပြချက်ကို စာဖတ်သူများ ရှားရှားပါးပါးသိ ထားဖို့ တော့ လိုအပ်ပါလိမ့်မည်။ မဆလခေတ် မြန်မာ့တပ်မတော်နှင့် ပတ်သက်၍ “လမ်းစဉ် ပါတီ စတင်တည်ထောင်ချိန်ကတည်းက အချင်းချင်း အုပ်စုဖွဲ့ပြိုင်ဆိုင်မှုများ စတင်ခဲ့သည်ဟုဆိုလျှင် မမှားလောက်ပေ။ ထိုစဉ်က ပါတီဌာနချုပ်နှင့် ပါတီကေဒါများ မွေးဖွား ရာ သင်တန်းကျောင်းများ၏ အရေးပါသော နေရာများအား ချုပ်ကိုင်ထားကြသူများတွင် ဗကပနှင့် အလံနီတို့ မှလာသော အမာခံ ကွန်မြူနစ်များ ပါခဲ့ကြ သည်။ သို့အတွက်ကြောင့်လည်း တပ်မတော်က လမ်းစဉ်ပါတီအား လိုအပ်၍သာ မနှစ်ခြိုက်ဘဲ ပေါင်းဖက် နေရသည့် မကောင်းဆိုးဝါး အဖွဲ့အစည်းအဖြစ် မြင်ခဲ့သည်။ ကေဒါမြှုပ်နှံရေးအတွက် တပ်မတော်ထံမှ လူအင်အားတောင်းခံက တပ်ထဲမှာ မည်သူမျှလိုလားခြင်း မရှိသည့်သူများကိုသာ များသောအားဖြင့် ပါတီသို့ ပို့လွှတ်သည်။
မကောင်းကျောင်းပို့ခံရသူများ စုဝေးမိလေကြသောအခါ သူတို့၏ခံစားချက် အငြိုးအတေးများကို အတိုးချလျက် တပ်မတော်အပေါ် တက်ကြွစွာ ဆန့်ကျင်အန်တုကြတော့သည်။ ထိုသို့သောဖြစ်ရပ်များကြောင့် တပ်မတော်တွင် လွန်စွာလေးစားချစ်ခင်ခြင်းခံရသည့် တိုင်းမှူးကြီး တဦးဖြစ်သော ဗိုလ်မှူးကြီး သောင်းကြည်အား လူများစွာ စိတ်အနှောင့်အယှက်ဖြစ်သည့်ကြားမှပင် ပါတီသို့တွဲဖက် အထွေထွေ အတွင်းရေးမှူး တာဝန်ဖြင့် ပြောင်းရွှေ့လိုက်သည်။ သူသည် စစ်သားကောင်းတဦး ဖြစ်ရုံသာမက အုပ်ချုပ်ရေးကိစ္စရပ် များ တွင်လည်း ကျွမ်းကျင်နိုင်နင်းသူ တယောက်ပင် ဖြစ်ပါသည်။
သို့သော် သူ့အနေဖြင့် တပ်မတော်နှင့် ပါတီအကြား အတတ်နိုင်ဆုံး ကြိုးစားပြီး ရင်ကြားစေ့အောင် ဆောင် ရွက်ခဲ့သော်လည်း နှစ် အနည်းငယ်အတွင်းမှာပင် တပ်မတော်နှင့် ပါတီအကြား အခြေအနေအရပ် ရပ်သည် ထိန်းမနိုင်သိမ်း မရ အဆင့်သို့ တဖြည်းဖြည်း ရောက်နေချေပြီ။
ဧည့်ခံပွဲတခုဝယ် သူနှင့်ကျနော်ဆုံတွေ့စဉ် သူကပင် စတင်လျှက် “ခင်ဗျားမကြာမီမှာ နှစ်တရာအတွင်း အဆိုးဆုံးတိုက်ခိုက်မှုကြီး ကြည့်ရတော့မယ်” ဟု ကျနော့်အားပြောခဲ့လေရာ ကျနော်မှလည်း “ဘာလဲဗျ၊ ဘယ်သူ နဲ့ဘယ်သူ ချကြမှာလဲ” ဟု ပြန်လည် မေးခွန်းထုတ်လိုက်သည်။ “တပ်မတော်နဲ့ ပါတီချကြ တော့မှာဟု သူ မှပြန်ပြောကြားသည်”ဟုရေးသားသလို ဒေါက်တာ မောင်မောင်က “ကျနော်သည် သူပြောဆိုသည်များကို လက်ခံသဘောတူသည်။ တပ်မတော်နှင့် ပါတီအကြားတနေ့တခြားတင်းမာ လာနေသော အခြေအနေများကို ကျနော်ကိုယ်တိုင် လည်းသိပါသည်” ဟု ရေးသားခဲ့သည်။
ဒေါက်တာမောင်မောင်နည်းတူ ဦးနေဝင်းသည်လည်း တပ်မတော်နှင့်ပါတီအကြား ပဋိပက္ခကို ကြိုတင်မြင်ခဲ့ ရာ သူကိုယ်တိုင် လေး နက်ပြတ်သား စွာဖြင့် ရှင်းရှင်းလင်းလင်း သုံးလေးကြိမ်မျှ သတိပေးခဲ့ဖူးသည်။
၁၉၇၄-ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၁၁ တွင် နိုင်ငံတော်သည် တခုတည်းသောပါတီစနစ်ကို သာကျင့်သုံးရမည်၊ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီသည် နိုင်ငံတော်၏ တခုတည်းသောနိုင်ငံရေးပါတီ ဖြစ်၍ နိုင်ငံတော်ကိုဦးဆောင်သည်ဟူသော ပြဋ္ဌာန်းချက် အောက်တွင် အထက်အမိန့်ပေးစနစ်ကိုနာခံရန် ပုံသေလေ့ကျင့် ထား သော တပ်မတော်သည် မဆလ ပါတီကြီး၏ အောက်မှ မည်သို့မျှလွတ်မြောက်အောင် ရုန်းမထွက်နိုင်ခဲ့သောကြောင့် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး မဖြစ်ခဲ့လျှင်မဆလပါတီနှင့် တပ် မတော်ကြားပဋိပက္ခ ပိုပြင်းထန်လာခဲ့နိုင်သည်။ ထိုသို့မဆလပါတီနှင့် အစိုးရလက်အောက်မှ မြန်မာ့ တပ်မတော်၏ အခြေအနေထူး ကို စာဖတ်သူများ သိရှိထားသင့်ပါသည်။
စာရေးသူသည် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရစဉ်အတွင်း စစ်တပ်၊ စစ်သားနှင့် ၎င်းတို့၏ သဘောသဘာဝကို ဆန်းစစ် လေ့ လာမှုလည်း ပြုခဲ့ဖူးပါသည်။ ယင်းကာလအတွင်း စပယ်ဖြူမဂ္ဂဇင်း အမှတ် ၅/၂၀ဝ၇ တွင် ကျော်ဇောခိုင် ဘာသာပြန်သော တွေး ခြင်းမဟာဗျူဟာများ Thinking Strategicaly by Avimash Dixit Barry J Nalebuff ဆောင်းပါး အပိုင်းအစလေးကို ရှားရှားပါး ပါးဖတ် ခွင့်ရခဲ့ပါသည်။ စာရေးသူ မှတ်သားထားသော စာပိုဒ်ကို အလျဉ်းသင့်၍ ဖော်ပြလိုပါသည်။
“တိုက်ပွဲတပွဲမှာ စစ်သည်တွေဟာ ကိုယ့်အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပါ့မယ်ဆိုတာ တဖက်ကရန်သူကို ဘယ်လို နည်းနဲ့ ယုံအောင်လုပ်နိုင်မလဲ။ တကယ်ပြောရရင် စစ်သားတယောက်ဟာ ဆင်ခြင်တုံ နည်းလမ်းတကျ တွေးမယ်ဆိုရင် ပထမဆုံး ကြုံရမယ့်မေးခွန်းက လက်ရှိစွန့်စားမှုကြီးဟာ၊ အခုငါတိုက်ရ မယ့် စစ်ပွဲဟာ၊ အသက်ပေးရလောက်အောင်ထိုက်တန်မှုရှိရဲ့လား ဆိုတာပါ။ စစ်ပွဲနဲ့ပတ်သက်လို့ဖောင်ဖျက်ခြင်းနဲ့ အသင်းလိုက်ဆောင်ရွက်ခြင်း တွေမှာတွေ့ခဲ့ကြပြီးပါပြီ၊ ဘယ်အရာတွေကစစ်သား တယောက်ကို ရှေ့ဆက်တိုးဖို့ တွန်းအားဖြစ်စေတယ် ဆိုတာ နည်းနည်းအသေးစိတ် ကြည့်ရအောင်။
စခန်းသွင်းလေ့ကျင့်ချိန်မှာ ဒီအချက်ကစပါတယ်။ ပြင်းပြင်းထန်ထန် ပုံသွင်းမှုပြုတာက စပါတယ်။ ဘာမျှ အမှားအယွင်းမရှိဘဲနဲ့ လည်း သတိဆွဲခိုင်းပြီး ပါးရိုက်ခံရနိုင်ပါတယ်။ ကျိုးကြောင်းတကျ တွေးတဲ့ပုံစံအစား အမိန့်နာခံရတဲ့အနေအထားကို လေ့ကျင့်စေ ပါတယ်။ ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ်လို့ ဆိုကြတယ်မဟုတ်လား။ စစ်သားတစ်ယောက်အတွက် အဲဒီ့ အချိန်မှာရုပ်ပိုင်းရောစိတ်ပိုင်းမှာပါ အချိန်မရွေးသေနိုင်တဲ့ စစ်မြေပြင်တစ်ခုအတွက် အဆင်သင့်အနေအထားရောက် အောင်ဒီလိုပဲ ပြုပြင်ခြင်းခံကြရတယ်။
ကမ္ဘာပေါ်က ဘယ်စစ်တပ်မဆို နည်းလမ်းတွေ ကွဲချင်ကွဲမယ်။ ရည်ရွယ်ချက်၊ ဦးတည်ချက်က ဒီပုံစံ ဒီဘောင် ထဲမှာပဲရှိပါတယ်။ ပြန်လှန်မေးခွန်းထုတ်စရာမလိုတဲ့ အသားကျနာခံမှုနဲ့ အလိုအလျောက် တုံ့ပြန်မှုကို လေ့ကျင့်စေတာပါပဲ။ ဘာကြောင့် ခြေအိတ်တွေ အိပ်ရာတွေကို တပုံစံတည်းခေါက်သိမ်း ရတာလဲဆိုတဲ့ မေးခွန်းမျိုးအတွက် အဖြေမရှိဘူး။ ဒီလိုလုပ်ပါလို့ခိုင်းလို့ ဒီလိုလုပ်လိုက် ရတာဆိုရင် သဘောပေါက်တာ လုံလောက်ပြီ။
အမိန့်တခုကို ပြန်လှန်မေးခွန်းမထုတ်ဘဲနာခံတတ်တာဟာ စစ်တပ်ကိုတိုက်ပွဲဝင် စက်ယန္တရား တခု အသွင ်ပြောင်းပေးလိုက် တာ ပါပဲ။ ရှိတ်စပီးယားရဲ့ပဉ္စမြောက် ဟင်နရီဘုရင်ပြဇာတ်မှာ ဘုရင်ဟာ စစ်မထွက်မီ တိုင်တည်ပုံကို ဒီလိုဖော်ပြခဲ့တယ်။ “အို…စစ်ပွဲများရဲ့နတ်ဘုရား၊ အကျွန့်စစ်သည်များရဲ့ နှလုံးသားကိုခိုးယူပါ။ သူတို့နှလုံးသားကို ဆွဲနုတ်ထားလိုက်ပါ။ ကြောက်ရွံ့မှု ကိုသိမ်းဆည်းပေးတော်မူပါ”လူတယောက်က အခြား တယောက်အပေါ်ရှိနိုင်တဲ့ ကရုဏာတရားနဲ့ သူ့ကိုယ်ပေါ်ကျရောက်လာနိုင် တဲ့ အန္တရာယ်အတွက် စိုးရိမ် ထိတ်လန့်မှုကို တားမြစ်ဖို့ စစ်နတ်ဘုရားထံတိုင်တည်တဲ့ အခန်းမှာ တွေ့ရတာပါ။ ကိုယ့် ထက်ငါးဆ လောက်များတဲ့ ရန်သူကိုတိုက်ရမယ့် စစ်ပွဲလို့ ဆိုပါတယ်။ နောက် တခုက မာနပါ။
ကမ္ဘာပေါ်မှာ အစဉ်အလာကြီးတဲ့ အချို့စစ် တပ်တွေ ရှိပါတယ်။ စည်းကမ်း၊ တိုက်ရည်ခိုက်ရည်၊ ပြီးတော့ ဘယ်တော့မှ အလံမလှဲစ တမ်း တိုက်ပွဲဝင်ခဲ့ ဖူးတယ်ဆိုတာတွေပေါ့။ ဒီလိုတပ်၊ ဒီလိုတပ်ခွဲတွေကို ရောက်သွားတဲ့ စစ်သားတယောက်အတွက်သူရဲကောင်း တွေဟာ စစ်မြေပြင်မှာပဲ အဆုံးသတ်ရတယ်ဆိုတဲ့ အယူအဆကို မြင့်မြတ်မှုအဖြစ်ခံယူထားလိုက်ကြပါပြီ။ ကိုယ့်တပ်အတွက်၊ တပ် ခွဲအတွက်၊ တိုင်း ပြည်အတွက် အားလုံးဟာ ကိုယ့်အတွက်ရယ်လို့ မရှိတော့ပါ။ ဒီနာမည်ကိုထိန်းရမယ်ဆိုတဲ့ မာနနဲ့သန္နိဋ္ဌာန် က ရှေ ဆောင်နေပါပြီ ဒီမာနစိတ်ကပဲပြင်းထန် တဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကို ဖြစ်စေပါတယ်။ တချိန်တည်းမှာ ငါတို့ဟာ လူနည်း စုလေး၊ ငါတို့ပျော်ရွှင် တက်ကြွတဲ့ငါတို့ညီအစ်ကိုတွေ၊ ဒီနေ့တော့တယောက် သွေးနဲ့ တယောက်ကိုကာကြမယ်ဆိုပြီး အသင်းလိုက် စိတ်ဓာတ်ကိုမြှင့်တင်ပြီး ဖောင်ကိုဖျက်လိုက်ပါပြီ။
ငါတို့ထဲမှာသွေးနည်းသူ တယောက်တလေများပါခဲ့ ရင်အခု မင်းကိုသွားခွင့်ပြုပါ့မယ်။ အဲဒီ့လိုလူမျိုးရဲ့ဘေးမှာ ငါတို့မသေချင်ဘူး။ ဒီလိုလှုံ့ဆော်လိုက်တာနဲ့ ကဲ ဘယ်သူက အိမ်ပြန်ချင်တယ်ပြောတော့မလဲ။ တိုက်မယ်၊ တိုက်မယ်၊ အရေးတော်ပုံလို့ တယောက် ကများအော်လိုက်ရင် အောင်ရမယ်ပဲ ဖြစ်ကုန်ပြီပေါ့ ဟူ၏။ ဒီတိုက်ပွဲဝင် စိတ်ဓာတ်ကပဲ စစ်တပ်တတပ်ကို တွန်းအားဖြစ်စေခဲ့၊ အောင်မြင်မှုတွေရစေခဲ့တော့၏ဟု အခြေခံအားဖြင့် ကျနော်တို့ မှတ်ယူနိုင်ပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ဖဆပလခေတ် မြန်မာ့တပ်မတော်ကို ထုဆစ်ပုံသွင်းခဲ့သူများတွင် ဆိုရှယ်လစ် တပ်မှူး ဗိုလ်မှူးချုပ် မောင်မောင်၏ အခန်းကဏ္ဍသည် အဓိကကျသည်ဟု စာရေးသူ ယူဆသည်။ ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာရ ယူခဲ့သော (၁၉၆၄-၇၂) မဆလခေတ်တွင် Director of Military Training and Plans တာဝန်ယူ၍ မြန်မာ့တပ်မတော်ကို ပုံသွင်းထုဆစ်သူသည် ဗိုလ်မှူးကြီး သူရထွန်းတင် ဖြစ်ပါသည်။
၎င်းနှင့် ဦးစိန်လွင်တို့သည် ဦးနေဝင်း၏ အမာခံလက်ရုံးများဖြစ်၍ ဦးနေဝင်း အာဏာသိမ်းစဉ် ၁၉၆၂ ခုနှစ်မှ အာဏာစွန့်လွှတ် သည့် ၁၉၈၈ ခုနှစ်အထိ ဦးနေဝင်းအားကိုး ခဲ့ရသူများဖြစ်ပါသည်။ သူရထွန်းတင်၏ “ကျွန်တော် ကျင်လည်ခဲ့ရသော မြန်မာနှင့် ကမ္ဘာ” စာ-၁၁၆ တွင်၊ “စစ်သားတွေဆိုတာ စစ်အမိန့် နာခံတတ်ဖို့နဲ့ စစ်စည်းကမ်းရှိဖို့ သိပ်အရေးကြီးတယ်။ ဒါတွေကို ကိုယ်ရော စိတ်ပါ ဖြစ်လာအောင် Drill လုပ်ပြီး Conditioningလုပ်ပေးရတယ်။ ဂျပန်၊ ဂျာမန်စစ်သားတွေ အမိန့်နာခံဖို့ရာ လူစင်စစ်ကနေ စက်ရုပ်လို သဘောဖြစ်သွားတာပဲဟု မှတ်တမ်းတင်ထားသည်ကို တွေ့ရပါသည်။
အထက်ပါ လေ့လာချက်များအပြင် အခြား သမိုင်းအထောက်အထားများအရ စာရေးသူအမြင်တွင်စစ်သားဆိုသည်မှာတွေးခေါ် ဆင်ခြင်တတ်သည့် ဦးနှောက်နှင့် ခံစားတတ်သည့် နှလုံးသားကိုအမိန့် ပေးသူသတ်မှတ်ပေးသည့် စည်းဘောင်အတွင်းမှ သက်ဝင် လှုပ်ရှားခွင့်ရသည့် လူသားဟုသာ မြင်ပါသည်။
ထို့ကြောင့် စာရေးသူသည် သူတို့ကို သနားပါသည်။ ထို့အတူ လေးစားတန်ဖိုးထားပါသည်။ စစ်သား၊ စစ်တပ်ကို အထက်မှအမိန့် ပေးသူ အရေးကြီးလှသည်ကိုလည်း သိမြင်လာပါသည်။ စာဖတ်သူများလည်း စာရေးသူ ကဲ့သို့ သိမြင်လာသည်ဆိုလျှင် ဤစာကို ရေးရကျိုးနပ်ပြီဟု ယူဆပါသည်။
တနည်းအားဖြင့် စစ်မှန်သော ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေများတွင် တပ်မတော်အား အဆုံးအဖြတ် အမိန့်အာဏာ ပေးပိုင်ခွင့် ရှိသူသည် ပြည်သူအများစုက လွတ်လပ်စွာ ရွေးကောက်တင်မြှောက်သော နိုင်ငံခေါင်းဆောင်သာ မလွဲမသွေဖြစ်ရန်လိုအပ် ကြောင်း စာဖတ်သူများ သိရှိခံယူနိုင်လောက်ပြီဖြစ်ပါသည်။
မဆလ တပါတီ အာဏာရှင်ခေတ်တွင် တပ်မတော်သည် မဆလပါတီကိုမချစ်သော်လည်းအောင့်ကာနမ်းနေရသည့် သဘောထား ရှိကြောင်း ဒေါက်တာ မောင်မောင်က ထုတ်ဖော်ရေးသားပြီး ဖြစ်ပါသည်။ စာရေးသူ အမှတ် ၆ ထောက်လှမ်းရေး၌ စစ်ကြောရေး ကာလကို ဖြတ်သန်းနေရစဉ် ကာလတွင်ကြုံခဲ့ရသော ထောက် လှမ်းရေးများကိုယ်တိုင်က စာရေးသူအား ၎င်းတို့သည် မဆလ ပါတီ လက်အောက်မှ ကင်းလွတ်ခဲ့ရသည်ကို အမှန်တကယ်ပျော်ကြကြောင်း၊ ၎င်း၎င်း၎င်းကျပတို့စစ်သားဘဝတွင် စစ်စည်းကမ်း၊ အရပ်ဘက် စည်းကမ်းအပြင်၊ မဝင်မနေရဝင်ရသည့် မဆလ ပါတီစည်းကမ်းများ ချည်နှောင်ခံခဲ့ရကြောင်း၊ စစ်စည်းကမ်းနှင့်အရပ်ဘက်စည်း ကမ်းဆိုင်ရာ အမှုကိစ္စများကို ထုချေရှင်းလင်းရန် အခွင့်အရေးရှိသော်လည်း ပါတီစည်းကမ်းနှင့်အရေးယူခံရလျှင် ထုချေရှင်းလင်း ရန်မလွယ်ဘဲ ဘဝပျက်ခဲ့ရသည်ကများကြောင်း၊ ဒါကြောင့် မဆလပါတီ ပျက်သွားခြင်းကို သဘောကျကြောင်း ထုတ်ဖော်ပြော ကြားသည်ကို ကြုံခဲ့ဖူးသည်။
ဤကိစ္စနှင့်ပတ်သက်၍ မဆလပါတီကို စစ်တပ်အောက်ခြေပိုင်းကသာမလိုလားဟု စာရေးသူ ယခင်က ယူဆခဲ့ပါသည်။ ဒေါက်တာ မောင်မောင်၏ ၈၈ အရေးအခင်းစာအုပ် စာမျက်နှာ ၁၆၆-၁၆၇ ကိုဖတ်ရှုရသောအခါ ထိပ်ပိုင်းလည်းအောက်ခြေပိုင်းနှင့်တသဘော တည်းပါ လားဟု သိလိုက်ရပါသည်။ “တပ်မတော်တိုင်းမှူး အများစုအားသူတို့၏သက်ဆိုင် ရာတိုင်း/ဒေသအလိုက်ဒေသပါတီ ကော်မတီ ဥက္ကဋ္ဌ များအဖြစ် ပူးတွဲတာ ဝန်ပေးထားလေသည်။ ထိုသို့တာဝန် မပေးမီကအချို့သော တိုင်း/ဒေသများတွင် တပ်မ တော်နှင့်ပါတီ အကြား မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ခဲ့ဖူးသည်။
ယခုတပါတီစနစ်ကိုစတင်ရုပ်သိမ်းနေချိန်ဝယ် ဗိုလ်ချုပ်ကြီးစောမောင်မှ ပါတီ ညီလာခံမစမီ တိုင်းမှူးများအားပါတီတာဝန်ဝတ္တရား များ ထမ်းရွက်နေရခြင်းမှ ရပ်စဲပေးရေး ဗဟိုအလုပ် အမှုဆောင်အစည်းအဝေးတွင် အဆိုပြုခဲ့သည်။ ထိုစဉ်ကအလုပ်အမှုဆောင် ကော်မတီ မှသူ့အားခေတ္တ ခဏစောင့်ရန် ပြောကြားထားသည်။
“ထိုသို့ပြောကြားလိုက်ချိန်ဝယ် ဗိုလ်ချုပ်ကြီး ၂ ဦး၏ မျက်နှာအမူအရာပြောင်းလဲဖြစ်ပေါ် သွားမှုကို ယနေ့တိုင် ကျွန်တော်အမှတ်ရ ဆဲဖြစ်သည်။ သူတို့သည်ပကတိ ကြည်နူးပျော်ရွှင်မှုဖြင့်မျက်နှာများဝင်းထိန်ကာ ကျောင်းဆင်းခေါင်းလောင်းထိုးသံကြားရသည့် ကျောင်းသားငယ်များပမာ ကျွန်တော့်ရှေ့မှောက်မှ သွက်လက် သောခြေလှမ်းများဖြင့် ထွက်ခွာသွား ကြသည်။
သို့ပါ၍ ၁၉၈၈-ခု၊ စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှ စတင်ကာ တပ်မတော်တရပ်လုံး ထိပ်ပိုင်းမှအစ အောက်ခြေရဲဘော် အဆင့်အထိသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့်မည်သို့မျှမသက် ဆိုင်တော့ပေ” ဟု ဒေါက်တာမောင်မောင်ရေးသား ထားသည်ကို ဖတ်ရှုရသည့်အခါ စာရေးသူကိုယ်တိုင် လည်း ဝမ်းသာကြည်နူးမှုရသကို ခံစားရပါသည်။
စာရေးသူတို့ ၈၈ ဒီမိုကရေစီတိုက်ပွဲဝင် ပြည် သူများ၏ အသက်သွေးချွေးများပေးဆပ် တိုက်ပွဲဝင်ကယ်တင်မှုကြောင့် တပ်မတော် နှင့် ဗိုလ်ချုပ်ကြီးများ ကို ဦးနေဝင်း၏ တပါတီအာဏာ ရှင်စနစ်အောက်မှ လွတ်မြောက်အောင်ကယ်တင်နိုင်ခဲ့ကြောင်း သက်သေ အထောက်အထားကို ဒေါက်တာ မောင်မောင် ၏ စာအုပ်မှ စာရေးသူရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါ သည်။
ယင်းကဲ့သို့ တပ်မတော်အား ရှစ်လေးလုံး ပြည်သူက မဆလတပါတီအာဏာရှင်စနစ် လက်အောက်မှ လွတ်မြောက်အောင်တွန်း အားပေး ကယ်တင်ခဲ့သော်လည်း၊ ဗိုလ်ချုပ်ကြီးစောမောင်သည် ကျွန်နံ့မစင်၊ မိမိကိုယ် ကို ယုံကြည်မှု မရှိသည့်အလား မိမိဦးစီး သော တပ်မတော်ကို မဆလပါတီလက်အောက် မှ ရုန်းမထွက်တတ်၊ ရုန်းမထွက်နိုင်သည့်သဘောကိုလည်း ဒေါက်တာမောင်မောင် ၏ စာအုပ်တွင်ပင် စာရေးသူလေ့လာတွေ့ရှိ ရပါသည်။
ထိုစာအုပ်စာမျက်နှာ ၂၆၂ -၂၆၈ တွင်ဗိုလ်ချုပ် စောမောင်သည် သူ၏သဘောဆန္ဒအလျှောက် ရေးသားခဲ့သော ရေဒီယိုအသံလွှင့် အစီအစဉ်မှာ ပြောကြားရန် ရည်ရွယ်သည်ဆိုသော မိန့်ခွန်းမူကြမ်း တခုကို သမ္မတ ဒေါက်တာမောင်မောင်အား စက်တင်ဘာ ၁၁ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးခေတ္တ ရပ် နားချိန်၌ သွားရောက်ပြသခဲ့သည်ဟု ရေးထား ပါသည်။
“(ထိုအချိန်၌သူ(ဗိုလ်ချုပ်စောမောင်)သည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းပြီးစအချိန်ဖြစ်လျက် လွတ်လပ်ခြင်း၏အရသာသည် သူ့ မျက်နှာပေါ်တွင် အထင်းသားပေါ်နေ သည်။) ထိုအချိန်ကကျွန်တော်တို့နှစ်ယောက်တည်းသာရှိသည်”ဟုလည်းကောင်း ကျွန်တော်သည် သူ့အား ထိုမိန့်ခွန်းကိုရေးသားစေ ရန် တိုက်တွန်းပြောကြားခြင်းမပြုခဲ့။ သူသည် သူ၏သဘောဆန္ဒအလျှောက် သာ ရေးသားခဲ့ခြင်းဖြစ် သည်။
ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ် မောင်မောင်ခင်၊ ဗိုလ်ချုပ်တင်ထွန်း၊ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြား ရေးမှူးဖြစ်သူ ဗိုလ်မှူးကြီး ခင်ညွှန့်၊ စစ်ဦးစီး ဗိုလ်မှူးကြီးတင်ဦးနှင့် အခြားသော ကာကွယ်ရေး ကောင်စီ အဖွဲ့ဝင်များနှင့် ညှိနှိုင်းတိုင်ပင်ရေးသားခြင်း ဖြစ် ကောင်းဖြစ်ပေလိမ့်မည်” ဟုလည်းကောင်း၊ “ကျွန်တော် နှင့်ဗိုလ်ချုပ်ကြီး စောမောင်တို့နှစ်ဦးသား သူ၏မိန့်ခွန်းမူကြမ်းအား ပြန်လည်စိစစ်တည်း ဖြတ်ကြသည်” ဟုလည်းကောင်း၊ “နောက်တနေ့ ၁၉၈၈ စက်တင်ဘာ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးစော မောင်မှ ရဟန်းရှင် လူ ပြည်သူအပေါင်းနှင့် တပ်မတော်သားများသို့ ကာကွယ်ရေးဦးစီးချုပ်၏တင်ပြချက်”ဟူသော ခေါင်းစဉ်ဖြင့် အဆိုပါမိန့်ခွန်းကို ပြောကြားခဲ့သည်ဟု လည်းကောင်း ဒေါက်တာမောင်မောင်စာအုပ်တွင် ဖော်ပြပါရှိပြီး ဗိုလ်ချုပ်ကြီးစောမောင်၏ မိန့်ခွန်းကို ဖော်ပြထားပါသည်။
ဒေါက်တာမောင်မောင် တည်းဖြတ်ထားသော ဗိုလ်ချုပ်ကြီးစောမောင်၏ မိန့်ခွန်းတွင် တပ်မတော် တရပ်လုံး မဆလပါတီနှင့် လုံးဝ မသက်ဆိုင်ကင်းပြတ်သွားပြီဟု ပြည်သူနှင့်တပ်မတော်သား အားလုံးမျှော် လင့်တောင့် တသည့် စကားတခွန်းမျှတိတိကျကျဖော် ပြထားခြင်းမရှိသည်ကို ထူးထူးခြားခြား လေ့လာတွေ့ ရှိနိုင်သည်။
၁၆၊ ၉၊ ၁၉၈၈ ရက် နိုင်ငံတော်ကောင်စီ ကြေညာချက် ၁၄/၈၈ ဖြင့် ပြည်သူ့ဝန်ထမ်းများ မည်သည့် နိုင်ငံရေး ပါတီ အဖွဲ့အစည်း ဝင်မျှ မဖြစ်စေရဟူသော အမိန့်ထွက်ရှိလာမှသာ တပ်မတော်သည် မဆလပါတီနှင့် မသက် ဆိုင်တော့ကြောင်း လူထုအနေဖြင့် တိတိကျကျသိခဲ့ရသည်။ ယင်းအမိန့် ထွက်ပြီး ၃၆ နာရီအကြာ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီတွင် စစ်တပ်က အာဏာ လွှဲပြောင်းပွဲကို ကြေညာခဲ့ပါသည်။
မည်သို့ဆိုစေ မဆလ တပါတီအာဏာရှင်စနစ် ချုပ်ငြိမ်းအောင် အပြောင်းအလဲအရွေ့တခုကိုစာရေးသူ တို့ပြည်သူများက တာဝန ်ကျေပွန်စွာ ထမ်းဆောင် နိုင်ခဲ့သည်ကို မည်သူမျှ ငြင်းပယ်နိုင်မည် မဟုတ်ပါ။
ရွေ့သွားသောနေရာတွင် အထိုင်နေရာလုကြသူများ အချင်းချင်း ယနေ့တိုင် ပြဿနာတက်နေသည်ကိုတော့ လက်တွေ့မျက်တွေ့ ပင်ဖြစ်သည်။
စာရေးသူ အနေဖြင့် ရာဇပလ္လင်၌ ထိုင်ခွင့်ရှိသူသည် ပြည်သူ ထောက်ခံရုံနှင့် မရနိုင်၊ ပညာ၊ ဆင်ခြင်တုံတရား နှင့် ပြည့်စုံသည် သာမက အတိတ်ဘုန်းကံနှင့် သတ္တိခွန် အားတို့လည်း ပြည့်စုံဖို့လိုအပ်သည်ဟု ထင်မြင်မိ ပါကြောင်း။
ဆက်လက်ဖော်ပြပါမည်။