သတင်းတို

အစိုးရတပ်နှင့် ကိုးကန့်အဖွဲ့တိုက်ပွဲဖြစ်၊ တပ်မတော်ဘက်မှ ၇ ဦး ကျဆုံး

This article has been converted from Zawgyi One to Unicode

မြန်မာ့တပ်မတော်နှင့် ကိုးကန့် အဖွဲ့တို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ရက်နေ့က ကွမ်းလုံမြို့ အနောက်မြောက်ဖက် ဒေသများတွင် တိုက်ပွဲဖြစ်ပွားရာ တပ်မတော်ဘက်မှ ၇ဦးကျဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိကြောင်း ယနေ့ထုတ် အစိုးရသတင်းစာက တရားဝင်ထုတ်ပြန်သည်၊ နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ် တပ်မတော် စခန်းနှင့် စစ်ကြောင်းများကို အကြောင်းမဲ့တိုက်ခိုက်ခြင်းဖြစ်သောကြောင့် ထိရောက်စွာပြန် လည်တိုက် ခိုက်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ၂၀၀၉ ခုနှစ် ဖုန်းကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့များကို အစိုးရစစ်တပ်က တိုက်ခိုက်ပြီးနောက်ပိုင်း ယခုအခါ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာ ခဲ့ခြင်းဖြစ်သည်။

Loading