• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

ခုခံအားကျဆင်းမှုရောဂါ အသိပညာပေးရာတွင် ဘဝတူချင်း ပါဝင်ကူညီမှုများ ပြုလုပ်လာ

by တင်ထက်ပိုင်
15 December 2014
in Health
A A
HIV , ခုခံအား ကျဆင်းမှု ရောဂါ ၊ လိင်လုပ်သား ၊ TOP , AIDS

ဒီဇင်ဘာ ၁ ရက် ကမ္ဘာ့ ခုခံအားကျင်းမှုရောဂါနေ့ (World AIDS Day) အထိမ်းအမှတ် အဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်က ရန်ကုန်မြို့ ကန်တော်ကြီး တွင် ဆုတောင်းပွဲ ပြုလုပ်သည့် မြင်ကွင်း(ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

1.9k
VIEWS
Share on FacebookShare on Twitter

ခုခံအား ကျဆင်းမှုရောဂါ ကူးစက်ခံရနိုင်မှု မြင့်မားသည့် လိင်လုပ်သားများကို ရောဂါကာကွယ်ရေး အသိပညာပေးရာတွင် ဘဝတူများက ပါဝင်ကူညီပေးခြင်းသည် ထိရောက်သော နည်းလမ်းတခု ဖြစ်လာကြောင်း သတင်းရရှိသည်။

အကူအညီ လိုအပ်နေသည့် အမျိုးသမီး လိင်အလုပ်သမများ၊ လိင်တူ ဆက်ဆံသူ အမျိုးသားများ(MSM)အတွက် ၎င်းတို့နှင့် ဘဝ တူများကို ဝန်ထမ်းအဖြစ် ခန့်အပ်၍ ပါဝင်ဆောင်ရွက်စေခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံတွင် ခုခံအား ကျဆင်းမှု ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် Targeted Outreach Program (TOP) က ပြောသည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
259
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
533
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
631

“သူတို့ အချင်းချင်းကျတော့ တခွန်း ပြောလိုက်တာနဲ့ ဘာကို ဆိုလိုသလဲဆိုတာ ချက်ချင်းသိတယ်။ တချို့ကိစ္စတွေမှာ ဆိုရင် ပြန် တုံ့ ပြန်တာ ပိုမြန်တယ်။ အစီအစဉ်တွေ လုပ်ရတာ ပိုမြန်တယ်။ သူတို့ အချင်းချင်းလည်း နားလည်မှု ပိုရှိတယ်”ဟု TOP ၏ ပြော ရေး ဆိုခွင့်ရှိသူ ဒေါက်တာ ဆောင်းဦးဇာနည် က ပြောသည်။

ဘဝတူချင်း ချဉ်းကပ်၍ ခုခံအား ကျဆင်းမှုရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆွေးနွေးအကြံပေးရာတွင် နားလည်မှု အလွယ်တကူ ရှိသည့်အတွက် တုံ့ပြန်မှု ပိုမိုမြန်ဆန်ပြီး ဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် ထိရောက်မှု ပိုရှိလာကြောင်း၊ သာမန် လူအများစုက ထိုကဲ့သို့ ဝန်ဆောင်မှုများကို လုပ်ကိုင်ရာတွင် နားလည်မှု အပြည့်အဝ မပေးနိုင်သဖြင့် ကြီးမားသည့် အခက်အခဲတခု ဖြစ်နေရကြောင်း TOP က ပြောဆိုသည်။

နှစ်သိမ့် ဆွေးနွေး ပညာပေးရာတွင်လည်း ဘဝတူချင်း ဖြစ်သည့်အတွက် ဖိအားမဖြစ်စေဘဲ စိတ်လွတ်လပ်မှု ပိုမိုရရှိစေနိုင်သည့်အပြင် ဝန်ဆောင်မှုများ ရရှိခံစားရသူတို့၏ အခက်အခဲများအား မည်သို့ကူညီရမည်ကို ဝန်ထမ်းများက အလွယ်တကူ သိရှိနိုင်သည့် အားသာချက်များ ရှိကြောင်းလည်း သိရသည်။

ထိုကဲ့သို့ ဘဝတူများက ဆွေးနွေး အကြံပေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ကျောက်ပန်းတောင်း မြို့တွင် ခုခံ အား ကျဆင်းမှုရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများကို လိင်တူဆက်ဆံသူ အမျိုးသားများအတွက် ဦးတည် လုပ်ကိုင်နေသည့် မီးအိမ်ရှင်လေးများအဖွဲ့မှ ဦးဌေးလွင်ဦးက“MSM တွေ ဖြစ်နေတော့ နေရာတကာကို သွားပြီး ဆွေးနွေး ပေးဖို့ကျတော့ တခါတလေ နည်းနည်းလေး စိတ်အားငယ်တာတွေ ရှိတတ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဦးဌေးလွင်ဦးက ဆက်လက်ပြီး ခုခံအား ကျဆင်းမှု ရောဂါ ပျံ့ပွားမှုနှုန်းကို လျှော့ချနိုင်ရန် လူငယ်အများစုအတွင်း ပညာပေးရေး လုပ်ငန်းများသည် အဓိကအဖြစ် လိုအပ်ကြောင်းနှင့် ဖြစ်ပြီးမှ ကုသခြင်းထက် မဖြစ်ခင်က ဆွေးနွေး ပညာပေးခြင်းသည်  ပိုမို ထိ ရောက်သော နည်းလမ်းဖြစ်သည်ဟုလည်း ပြောဆိုသည်။

ခုခံအားကျဆင်းမှု ရောဂါ ခံစားနေရသူ တဦးဖြစ်သူ ကိုလင်းက“ဒီ်အသိုင်းအဝိုင်းမှာ HIV/AIDS နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ပိုပြီး တော့ တိုးလာတယ်။ ကိုယ့်ကိုယ်ကိုယ် ရောဂါ မရအောင် ဘယ်လို ကာကွယ်ရမလဲ ဆိုတာ သိလာတဲ့အတွက် လွန်ခဲ့တဲ့ ၄ ၊ ၅ ၊ ၆ နှစ်လောက်က MSM အသိုင်းအဝိုင်းတွေ ကြားထဲမှာရှိတဲ့ ကူးစက်မှုနှုန်းဟာ အောက်ကို ကျသွားခဲ့တယ်”ဟု ပြောပြသည်။

TOP က ရောဂါကာကွယ်ရေးအတွက် ဦးတည်ဆောင်ရွက်ရမည့် သူများနှင့် ဘဝတူများကို ဝန်ထမ်းအဖြစ် ခန့်ထားခြင်းအားဖြင့် ရော ဂါ ခံစားနေရသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာပြီး ပတ်ဝန်းကျင်၏ အပစ်ပယ်ခံဘဝဖြင့် ဘဝကို အဆုံး သတ်ရသူများ လျော့သွားစေနိုင်ကြောင်းလည်း TOP ၏ ဝန်ဆောင်မှုကို ရယူနေသူ ကိုလင်းက ဆက်လက် ပြောဆိုသည်။

ခုခံအား ကျဆင်းမှုရောဂါ ခံစားနေရသည့် လိင်အလုပ်သမ တဦးဖြစ်သူ အသက် ၃၂ နှစ် အရွယ် မဆွေ ကလည်း“အရင်တုန်းကဆို ကျမက ငါ့ခန္ဓာကိုယ် ငါပိုင်တယ်။ ငါပိုင်တဲ့ အရာနဲ့ ငါ ပိုက်ဆံရှာတာ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး ဆိုပြီး လူတွေကို ခဏခဏ ပြောဖူးတယ်။ အခုကျတော့ ငါ့ကို ဘယ်သူမှလည်း ဂရုမစိုက်ပါလား ဆိုပြီး စိတ်ဓာတ် တအားကျတယ်၊ ပိုက်ဆံလည်း မရှာနိုင်တော့ ဘူး”ဟု ပြောသည်။

ထိုခုခံအား ကျဆင်းမှုရောဂါ ကုသရေး လုပ်ငန်းစဉ်များအပြင် မိသားစုအတွင်း ဆွေးနွေးပညာပေးမှု စီမံခြင်း၊ မျိုးဆက်ပွား ကျန်းမာ ရေး အကြောင်း တိုင်ပင် ဆွေးနွေးပေးခြင်း၊ သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးပေးခြင်း၊ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ စစ်ဆေး ကုသပေးခြင်းနှင့် တီဘီရောဂါ စစ်ဆေးကုသပေးခြင်း တို့ကိုလည်း TOP က တိုးချဲ့ ဆောက်ရွက်လျက် ရှိကြောင်း သိရ သည်။

မြန်မာ တနိုင်ငံလုံးတွင် TOP စင်တာ ၁၇ ခု ရှိပြီး ယင်းစင်တာများကို ရန်ကုန် ၊ မန္တလေးနှင့် တနိုင်ငံလုံးရှိ မြို့ကြီး များတွင် ဖွင့်လှစ် ထားသည်ဟုလည်း ဆိုသည်။

TOP က မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ်တွင် ဝေဒနာရှင်ပေါင်း ၁၇၀၀၀ ဦးအား ခုခံအား ကျဆင်းမှုရောဂါ စစ်ဆေး ကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း၊ စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၀၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၆ ဆ အထိ တိုးတက်လာခဲ့ကြောင်း ပြောသည်။

မြန်မာနိုင်ငံ၏ ခုခံအား ကျဆင်းမှုရောဂါ ကာကွယ်တိုက်ဖျက်ရေး အမျိုးသား စီမံချက် (National AIDS Program- NAP) သည် ၂၀၁၅ ခုနှစ်မှ စတင်၍ TOP အား ART ဆေးများကို တိုက်ရိုက် ဖြန့်ဖြူးခွင့် ပေးမည်ဖြစ်ကြောင်း ဒေါက်တာ ဆောင်းဦးဇာနည် က ပြောပြသည်။

မြန်မာနိုင်ငံ ခုခံအား ကျဆင်းမှုရောဂါ အမျိုးသား စီမံချက် (National AIDS Program) ၏ ၂၀၁၂ ခုနှစ် စစ်တမ်းများအရ အမျိုးသမီး လိင်လုပ်သား ၇.၁ ရာခိုင်နှုန်းခန့်နှင့် လိင်တူဆက်ဆံသူ အမျိုးသားများ၏ ၈.၉ ရာခိုင်နှုန်းခန့်သည် HIV ရောဂါပိုး ကူးစက်ခံနေရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ခုခံအား ကျဆင်းမှုရောဂါ ကူးစက်ခံရသည့် ဝေဒနာရှင်ပေါင်း ၁၈၉၀၀၀ ခန့် ရှိကြောင်း ၂၀၁၃ ခုနှစ် အတွက် UNAIDS ၏ ၂၀၁၄ ခုနှစ် ဇူလိုင်လက ထုတ်ပြန်ချက်တခုတွင် ဖော်ပြထားသည်။

သို့သော် စစ်တမ်း ကောက်မရနိုင်သူများနှင့်ဒေသများ ရှိသေးသည့်အတွက် ယင်း အရေအတွက်ထက် ပိုများနိုင်ကြောင်း ကျွမ်းကျင် သူများက ပြောသည်။

ခုခံအား ကျဆင်းမှုရောဂါ ခံစားနေရသော လိင်အလုပ်သမ၏ အမည်နှင့် လိင်တူ ဆက်ဆံသူ အမျိုးသား၏ အမည်ကို လွှဲပြောင်း ရေး သားထားပါသည်။

Your Thoughts …
Tags: HIV/AIDS
တင်ထက်ပိုင်

တင်ထက်ပိုင်

Freelancer

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.3k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

ဇင်းမယ်မြို့က မြန်မာအမျိုးသား လိင်လုပ်သားများ

ဇင်းမယ်မြို့က မြန်မာအမျိုးသား လိင်လုပ်သားများ

by ကျော်ခ
8 January 2015
25.1k

ဖြေညင်းတဲ့ တေးသံစဉ် နဲ့အတူ စင်ပေါ်မှာ ခန္ဓာကိုယ် အဝတ်ဗလာကျင်း ထားတဲ့ လူငယ်တဦးက ဘားကွင်းတွေကို ဆွဲပြီး သူ့ရဲ့ ခန္ဓာကိုယ် အလှပြရင်း လိင်ဆွဲဆောင်တဲ့ ကကွက်တွေကို တကိုယ်တော် ကပြနေပါ တယ်။

AIDS, HIV, UNICEF, USAIDS

HIV ဒုတိယမျိုးဆက်နဲ့ စိန်ခေါ်မှုများ

by မြတ်စုမွန်
31 March 2015
12.5k

HIV ပိုးရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်ကတဆင့် သန္ဓေသားကို မကူးစက်ရအောင် မွေးဖွားတဲ့ နည်း ပညာဟာ ၈၀ ရာခိုင်နှုန်းလောက် အောင်မြင်မှု ရှိနေပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ သန္ဓေသားကို ဆက်လက် ကူးစက် နေဆဲ

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

by မြတ်စုမွန်
28 March 2013
3.7k

“အရင်နှစ်တွေက ဆိုရင် မယ်တော်ဆေးခန်းမှာ သွေးစစ်တာနဲ့ ကျနော်တို့ဆီကို ရောက်လာတဲ့ လူဦး ရေက တနှစ်မှာ အသစ်၂၀၀ တွေ့ခဲ့တယ်။ အခုနောက်ပိုင်း တနှစ်ကို လူနာအသစ် ၃၅၀ လောက်ထိ တိုးလာတယ်”

HIV ပိုးရှိသူများကို WHO လမ်းညွှန်ချက်အတိုင်း ဆေးပေးနိုင်ရန် ၃ နှစ်စောင့်ရဦးမည်

HIV ပိုးရှိသူများကို WHO လမ်းညွှန်ချက်အတိုင်း ဆေးပေးနိုင်ရန် ၃ နှစ်စောင့်ရဦးမည်

by မြတ်စုမွန်
3 July 2013
6.2k

လက်ရှိ CD4 ၃၅၀ အောက်နဲ့ ART ပေးနေတာတောင် ဆေးဝါးလိုအပ်သူက တသိန်းနှစ်သောင်း သုံးထောင်ကျော် ရှိတယ်။ အခု လမ်းညွှန်ချက် အသစ်အတိုင်းဆိုရင် ဆေးလိုတဲ့သူတွေ ပိုတိုးလာမယ်

၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ရန် အဘက်ဘက်မှ ကြိုးပမ်းသွားမည်ဟုဆို

၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ရန် အဘက်ဘက်မှ ကြိုးပမ်းသွားမည်ဟုဆို

by ညိမ်းပြည့်စုံ
9 July 2013
5.7k

အုပ်ချုပ်နေတဲ့သူတွေ၊ ပြည့်တန်ဆာတွေနဲ့ ထိတွေ့နေရတဲ့ အာဏာပိုင်တွေဟာ ဒီဥပဒေ ခေတ်မမီတော့တာ၊ တခြားတိုင်းပြည်မှာ ဒီကိစ္စကို ဥပဒေနဲ့ ဘယ်လို ထိန်းချုပ် ကိုင်တွယ်နေတယ်၊ ကျန်းမာရေး ရှုထောင့် အနေနဲ့ ဘယ်လို ဖြေရှင်းနေတယ် ဆိုတာကို သိကြတယ်

Next Post
ငြိမ်းချမ်းရေး , ပြည်တွင်းစစ်ရပ်စဲရေး , တိုင်းရင်းသား , အပစ်အခတ်ရပ်စဲရေး , နိုင်ငံရေး , NCCT , MPC

ဦးသိန်းစိန် အစိုးရလက်ထက် ပြည်တွင်းစစ် ရပ်စဲရေး လမ်းမမြင်

ငြိမ်းချမ်းရေး ၊ နိုင်ငံရေး မူဘောင် ၊ NLD

ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး မူဘောင် NLD ရေးဆွဲ

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.2k

Most Read

  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate