အာရှ ပစိဖိတ်ဒေသ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ညီလာခံ ကျင်းပမည်
This article has been converted from Zawgyi One to Unicode
အာရှနှင့် ပစိဖိတ်ဒေသ မျိုးဆက်ပွား ကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ ၈ ကြိမ်မြောက် ညီလာခံ(8thAPCRSHR)ကို မြန်မာနိုင်ငံ ၌ ၂၀၁၆ ခုနှစ်တွင် ကျင်းပမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း က ပြောသည်။
ထိုညီလာခံကို ဒေသတွင်း မိတ်ဖက် အဖွဲ့အစည်းများနှင့် မျိုးဆက်ပွား ကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် ဆောင် ရွက်နေကြသည့် APCRSHR (Asia and Pacific Conference on Reproductive and Sexual Health and Rights) ဦးစီး ကော် မတီနှင့် အိမ်ရှင်ဖြစ်သည့် မြန်မာနိုင်ငံက မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း ကျင်းပမည် ဖြစ်ကြောင်း သိရ သည်။
ညီလာခံ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတွင် မျိုးဆက်ပွား ကျန်းမာရေးနှင့် အခွင့်အရေးများကို လူတိုင်း သေချာစွာ လက်လှမ်းမီ ရရှိစေရန်နှင့် အမျိုးသမီးများ၏ စီးပွားရေး၊ ပညာရေးတွင် ကျားမ တန်းတူညီမျှ ရရှိစေရန် ကျင်းပ ရခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒီပွဲက အမျိုးသမီးတွေရဲ့ စီးပွားရေး၊ ပညာရေး၊ ကျားမ တန်းတူညီရေး၊လူမှုရေး မြှင့်တင်ပေးမယ့် အဖွဲ့အစည်း အားလုံးနဲ့ဆိုင်တဲ့ ညီလာခံ တရပ် ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်သဇင်နွယ်က ဧရာဝတီကို ပြော သည်။
ဒီဇင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်များ အသင်း၌ ကျင်းပသော အာရှနှင့် ပစိဖိတ်ဒေသ မျိုးဆက်ပွား ကျန်းမာ
ရေးနှင့် အခွင့်အရေးဆိုင်ရာ ၈ ကြိမ်မြောက် ညီလာခံ(8thAPCRSHR) နှင့် ပတ်သက်သော မိတ်ဆက်ဆွေးနွေးသည့် အခမ်းအနား တွင် ပြောကြားခြင်း ဖြစ်သည်။
အဆိုပါ ညီလာခံတွင် မျိုးဆက်ပွား ကျန်းမာရေးနှင့် ကျား မ ရေးရာ တန်းတူညီမျှမှုများနှင့် သက်ဆိုင်သည့် စာတမ်းများ ဆေးဘက် ဆိုင် ရာ စာတမ်းများကို တင်သွင်းနိုင်ကြောင်း၊ ထိုသုတေသတန စာတမ်းများကို ၂၀၁၅ ခုနှစ် ဇူလိုင် ၃၁ ရက် နောက်ဆုံးထား တင်ပြ ရမည် ဖြစ်ကြောင်း ဒေါ်သဇင်နွယ်က ပြောဆိုသည်။
“၂ နှစ် တခါ ကျင်းပတဲ့ ညီလာခံ တရပ် ဖြစ်ပါတယ်။ ဒေသတွင်း နိုင်ငံများက မျိုးဆက်ပွား ကျန်းမာရေးနဲ့ အခွင့်အရေး ဆိုင်ရာတွေကို ဝိုင်းဝန်းပြီးတော့ ဆွေးနွေးတယ်။ လူတိုင်း လက်လှမ်းမီ အခွင့်အလမ်း ရရှိအောင် ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာ ဖြစ်တယ်”ဟု လည်း ၎င်းက ဆက်ပြောသည်။
ညီလာခံ၌ ၂၀၁၅ ခုနှစ် နောက်ပိုင်းကာလ ဖွံ့ဖြိုးရေး အစီအစဉ်များ ဆောင်ရွက်မှုနှင့် စောင့်ကြည့် လေ့လာမှုတို့ အတွက် ဆွေးနွေးရန်၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာများကို ကူညီပံ့ပိုးပေးရန် အများဆုံး လိုအပ်နေသော မျိုးဆက်ပွား ကျန်းမာ ရေး အတွက် နည်းပညာ မြင့်မားသော သုတေသနများကို တင်ပြဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။
8th APCRSHR ဆိုင်ရာ အမျိုးသားအဆင့် ညီလာခံ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ ပါမောက္ခ ဒေါ်ရင်ရင်ဇော်က ညီလာခံ တက်ရောက်သူများသည် ဒေသတွင်း၌ ဆောင်ရွက်နေကြသည့် လုပ်ငန်းများ၊ သုတေသန အထောက်အထားများ ၊ ကောင်းမွန် သည့် ဆောင်ရွက်ပုံ၊ မျိုးဆက်ပွား အသက်အရွယ် အမျိုးသမီးများ အတွက် ဆန်းသစ်တီထွင်မှုများကို လေ့လာနိုင်မည့်အပြင် အမျိုးသမီးများ၏ အရည်အချင်း မြှင့်တင်ပေးနိုင်မှသာ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်လာမည်ဟု ပြောဆိုခဲ့သည်။
APCRSHR ၏ ပထမဆုံး အကြိမ် ညီလာခံကို ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလက ဖိလစ်ပိုင် နိုင်ငံတွင် ကျင်းပခဲ့ပြီး ၂၀၀၃ ခုနှစ် တွင် ထိုင်းနိုင်ငံ၊ ၂၀၀၅ ခုနှစ်တွင် မလေးရှား၊ ၂၀၀၇ ခုနှစ်တွင် အိန္ဒိယ၊၂၀၀၉ ခုနှစ်တွင် တရုတ်၊ ၂၀၁၁ ခုနှစ်၌ အင်ဒိုနီးရှားနှင့် ၂၀၁၃ ခုနှစ် တွင် ဖိလစ်ပိုင် နိုင်ငံတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။