သတင်းတို

ယခုနှစ် ကမ္ဘာလှည့်ခရီးသွား ၃သန်းနီးပါးလာရောက်

This article has been converted from Zawgyi One to Unicode

ယခုနှစ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားအရေအတွက်မှာ ဒီဇင်ဘာ ပထမပတ်အထိ ၂သန်း ၈သိန်းကျော် ရှိနေပြီဖြစ်ပြီး၊ နှစ်ကုန်တွင် ၃သန်းကျော်ဖြစ်နိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ဦးဌေးအောင်ကို ကိုးကားပြီး ယနေ့ထုတ် အစိုးရသတင်းစာတွင် ရေးသားထား သည်။ ယဉ်ကျေးမှုအမွေအနှစ်များကို လာရောက်လေ့လာသူများပြားသည့်အတွက်အဆိုပါ အမွေအနှစ်များကို ထိန်းသိမ်းရန်လိုပြီး၊ နယ်စပ်ဒေသမှာ ဝင်ရောက်လည်ပတ်သူများပြားတိုးတက်အောင် ဆောင်ရွက်ရန်ရှိကြောင်းသိရသည်။

Loading