ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် လန်ဒန်အခြေစိုက် The Elders အဖွဲတို့ ယမန်နေ့ကနေပြည်တော်၌ တွေ့ဆုံပြီး မြန်မာပြည်ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး တည် ဆောက်မှုအခြေအနေများကို ဆွေးနွေးကြောင်းသိရသည်၊ ထိုသို့တွေ့ဆုံရာတွင် ကာချုပ်က အပစ်အခတ် ရပ်စဲရေး ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် တိုင်းရင်းသားအားလုံး စုစုစည်းစည်း ဖွံဖြိုးတိုး တက်စေရန်ကြိုးစားနေကြောင်း ပြောဆိုပြီး၊ The Elders အဖွဲ့မှ နော်ဝေ ဝန်ကြီးချုပ်ဟောင်း Gro Harlem Brundtland က မြန်မာနိုင်ငံ၏ ဖြေရှင်းရန်ခက်ခဲသော စိန်ခေါ်မှုများအပေါ်နားလည်ကြောင်း၊၎င်းအနေဖြင့် တိုင်ရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စု တပ်မတော် (Federal Uninon Army )ဆိုသည်မှာ နိုင်ငံတကာတွင်မရှိကြောင်းနှင့် သူတလူငါတမင်းလုပ်နေ၍ မရကြောင်းကို ရှင်းပြခဲ့ကြောင်း တပ်မတော်၏ အပစ်ရပ်ရေးကြိုးပမ်းမှုကို နားလည်ကြောင်း ပြောဆိုသည်ဟု ယနေ့ထုတ် အစိုးရသတင်းစာ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။