ကယားပြည်နယ် မိုးဗြဲမြို့မှ ၃ နာရီကျော်ကားဖြင့် ဆက်သွားပါက တောင်ပေါ်ဒေသများတွင် ဘိန်းစိုက်ခင်းများကို စတင် တွေ့မြင်ရသည်။ လူသူရောက်ရှိရန် ခက်ခဲသည့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ကြားရှိ တောင်တန်းများပေါ်တွင် နေထိုင်ကြသည့် တိုင်းရင်းသားတချို့သည် ဘိန်းစိုက်ပျိုး၍ အသက်မွေးကြသည်။ ဆောင်းအဝင် ဘိန်းစိုက်ခင်းများ အပွင့်ပွင့်သည့်ကာလတွင် မြင်တွေ့ရသည့် မြင်ကွင်းများကို ဧရာဝတီ သတင်းဌာန၊ ဓာတ်ပုံသတင်းထောက် Steve Tickner က သွားရောက် ရိုက်ကူး မှတ်တမ်းတင် ထားပါသည်။
(The Irrawaddy Weekly Journal, Vol.1, No.50 – စာမျက်နှာ ၂၆ နှင့် ၂၇ တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)