သတင်းတို

မန္တလေးကျောက်ဝိုင်း မပြောင်းရွေ့ရေး လမ်းလျှောက် ဆန္ဒဖော်ထုတ်

This article has been converted from Zawgyi One to Unicode

မန္တလေးမြို့ မဟာအောင်မြေရှိ ကျောက်မျက် ကျောက်ဝိုင်းကို နေရာသစ်သို့မပြောင်းရွေ့ရေး ယနေ့နံနက် ၉နာရီခွဲခန့်က လူဦးရေ သောင်းဂဏန်းခန့် ၈၈လမ်းမှ ၄၁လမ်း၊ ၈၄လမ်း၊ ၃၈လမ်း တလျှောက် ချီတက်ကာ ဆန္ဒဖော်ထုတ်နေကြောင်းသတင်းရသည်၊ ကျောက်ဝိုင်းမပြောင်းရွေ့ရေးနှင့် အဆင့် မြှင့်တင်ရေးကော်မတီ(ယာယီ)၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးထူးက “မန္တလေးမြို့တော်ဝန်က ပြီးခဲ့တပတ် က ကျောက်ဝိုင်းကို နေရာပြောင်းရမယ်ပြောတယ်၊ သူပြောင်းခိုင်းတဲ့နေရာက မန္တလေးနဲ့ မိုင် ၂၀လောက်ဝေး တယ်၊ တနေ့ ကျပ် ၅ထောင်လောက်ဝင်တဲ့ လက်လုပ်လက်စားတွေ၊ နေ့စားလေးတွေအနေနဲ့ ခရီးစရိတ် ထမင်းစရိတ်မကိုက်သလို၊ ပိုက်ဆံရှိတဲ့ ကျောက်သူဌေးတွေအနေနဲ့လည်း တွက်ခြေမကိုက်ဘူး၊ ဒါကြောင့် ဆန္ဒဖော်ထုတ်တာပါဟု ”ဆိုသည်။

Loading