Ethnic Issues

ငြိမ်းချမ်းရေး ရရှိရေး ပအိုဝ်းတိုင်းရင်းသား ၂၀၀၀ ကျော် ဆန္ဒပြတောင်းဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းများ အောင်မြင်ပြီးဆုံးသည် အထိ အစိုးရက ဆောင်ရွက်ပေးရေး ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) ဦးဆောင်မှုဖြင့် ပအိုဝ်း တိုင်းရင်းသား ၂၀၀၀ ကျော်က   ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီး မြို့တွင် ယနေ့ ဆန္ဒပြ တောင်းဆို ကြောင်း သတင်း ရရှိသည်။

ပြည်တွင်း ငြိမ်းချမ်းရေး အမြန်ရရှိရေး၊ ပြုပြင်ပြောင်းလဲမှု အမြန်ဆောင်ရွက်ရေး၊ တိုင်းရင်း သားများ အခွင့်ရေးရရှိရေး ၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ၊ တောင်းဆိုချက်များ အမြန်ရရှိရေး အပါအဝင် အချက် ၅ ချက် ဆောင်ရွက်ပေးရန်  ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) က ဦးဆောင် တောင်းဆိုခြင်း ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားများ ဆန္ဒ ဖော်ထုတ် ရေး ကော်မတီအဖွဲ့ဝင် ဦးခွန်ထွန်းရွှေက ဧရာဝတီသို့ ပြောသည်။

PNOမှ လူမှုရေး ဒုတိယ တာဝန်ခံ ဦးခွန်မောင်သော်က တရားဝင် ခွင့်ပြုချက် ရရှိခဲ့သည့် ယင်းဆန္ဒဖော်ထုတ်ပွဲတွင် ပအိုဝ်း ပြည်သူများနှင့်အတူ ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအသင်း ၊ ပအိုဝ်း အမျိုးသမီးပညာရေး ဖောင်ဒေးရှင်း၊ ပအိုဝ်း လူငယ် ကွန်ရက်တို့ အပါအဝင် PNO လက်အောက်ခံ အရပ်ဖက် လူမှုအဖွဲ့အစည်း ၁၄ ဖွဲ့ ပါဝင် ဆန္ဒပြကြောင်း  ပြောကြား သည်။

ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်ပါတီ PNO သည် ယခင် စစ်အစိုးရ လက်ထက် ၁၉၉၁ ခုနှစ်မှာ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အသွင်ပြောင်း ဌာနေ ပြည်သူ့စစ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည့် PNA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ အစည်း လည်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သည့် တောင်ကြီးမြို့မှ ပအိုဝ်း တိုင်းရင်းသား ခွန်ဆန်းခေါင်က “ ပြည်တွင်း ငြိမ်းချမ်း ရေးကို အမြန် ရချင်တယ် ။ ပြုပြင်ပြောင်းလဲမှုကို အမြန်ဆုံး ဆောင်ရွက်စေချင်တယ်။ တကယ်လို့ တောင်းဆိုမှုကို မရခဲ့ဘူး ဆိုရင် တော့ ကျနော်တို့ ဆက်လက်ပြီး ကြိုးစား ဆန္ဒထုတ်ဖော်ဦးမှာပါ ” ဟု ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading