သတင်းတို

လိပ်ကျွန်းလူသတ်မှု ယနေ့ဒုတိယ အကြိမ် ကြားနာစစ်ဆေးမည်

This article has been converted from Zawgyi One to Unicode

လိပ်ကျွန်းလူသတ်မှုတွင် တရားခံအဖြစ် စွပ်စွဲ ဖမ်းဆီးခံရသည့် မြန်မာလူငယ် ၂ဦး၏ အမှုကို ယနေ့ ကော့စမွေတရားရုံးတွင် ဒုတိယအကြိမ်ကြားနာ စစ်ဆေးမည်ဖြစ်ရာ အဆိုပါလူငယ် ၂ဦး၏ မိဘများနှင့် အမှုတွင်လိုက်ပါဆောင်ရွက် နေသည့် မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့များ ရှေ့နေများ ရောက်ရှိနေပြီဖြစ်သည်။ထိုလူငယ် ၂ ဦးကို တရားစွဲထားသည့် ပြစ်မှုများတွင် လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ စုပေါင်း လုယက်မှု၊ အမှန်တရားကို ထိန်ချန်မှု၊ ပစ္စည်း ခိုးယူမှု၊ ထိုင်းနိုင်ငံ အတွင်း တရားမဝင် လာရောက်မှု၊ တရားမဝင် နေထိုင်မှု စသည့် ပြစ်မှု ၇ ခု ဖြင့် စွပ်စွဲခံနေရခြင်းဖြစ်သည်။

Loading