ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ စည်ပင်သာယာ ဌာနက မြို့တွင်းသို့ ရေပေးဝေမှု ခေတ္တ ရပ်ဆိုင်းထားသည်မှာ ၃ လကျော် ကြာမြင့်နေသည့်အတွက် ဟားခါးမြို့ခံများ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေကြောင်း သိရသည်။
“စည်ပင်ဌာနက ပေးတဲ့ရေ မရတာ ၃ လ လောက် ရှိပြီ။ ရေမရတော့ လူတွေ အတော်လေး ဒုက္ခရောက် ကြတယ်။ ကျနော်တို့ ဆိုင်အတွက် အပြင်ကနေ ရေဝယ်သုံး ရတယ်။ ရေဖိုးတင် တလကို ၂ သောင်းကနေ ၃ သောင်းလောက် ကုန်တော့ အမြတ်တွေက ရေဖိုးထဲမှာ ပါကုန်တယ်” ဟု ဟားခါးမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင် တဦးက ဧရာဝတီသို့ ပြောသည်။
ပြည်နယ်အစိုးရ ရုံးစိုက်ရာ ဟားခါးမြို့တွင်းရှိ လမ်းများကို တိုးချဲ့ဖောက်လုပ်မှုကြောင့် မြေအောက် ရေပိုက်များ ပျက်စီးကုန်သည့် အတွက် စည်ပင်ဌာနမှ ရေပေးဝေမှု ရပ်ဆိုင်းထားရာ လချီကြာမြင့်လာသောကြောင့် ဟားခါးမြို့ခံ အများစုမှာ သောက်သုံးရေ အတွက် ပုဂ္ဂလိက ရေရောင်းသူများထံမှ ဝယ်ယူသုံးစွဲ နေရသည်ဟု ပြောဆိုကြသည်။
စည်ပင်ဌာနမှ ပေးဝေသော ရေ မရသဖြင့် မြို့လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်မှာ သောက်သုံးရေ အခက်အခဲများ ရင်ဆိုင်နေရကြောင်း မြို့ခံများက ပြောသည်။ ဟားခါးမြို့တွင် ပြည်တော်သာ၊ ဈေးဟောင်း၊ ဈေးသစ် စသဖြင့် ရပ်ကွက်ကြီး ၆ ခု ရှိပြီး၊ အိမ်ခြေ ၃၀၀၀ ကျော် ရှိကာ၊ လူဦးရေ ၁၅၀၀၀ ကျော် အခြေချ နေထိုင်ကြောင်း သိရသည်။
စီးပွားရေး သမားများသည် ဟားခါးမြို့နှင့် ၇ မိုင်ခန့်ဝေးသည့် သီးမြစ်သို့ ကားများဖြင့် သွားရောက် ရေသယ်ကာ ဟားခါးမြို့၌ ပြန်လည် ရောင်းချကြသောကြောင့် မြို့ခံများမှာ သောက်သုံးရေ ရရှိရေး အတွက် ရေ ၁ ပုံးလျှင် ၂၀၀ ကျပ်၊ ပုဂ္ဂလိက ရေသယ်ယာဉ် တစီးလျှင် ၁၂၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူသုံးစွဲ နေရသည်ဟု ပြောဆိုကြသည်။
ပျက်စီးသွားသည့် ရေပိုက်များ ပြုပြင်နေမှုနှင့် ပတ်သတ်ပြီး ဟားခါးမြို့နယ် စည်ပင်သာယာ ဌာနမှူး ဦးအောင်ထွန်းလင်းက “ဟားခါးမြို့တွင်း လမ်းတွေ တိုးချဲ့တော့ လမ်းဧရိယာမှာ ပါတဲ့ ရေပိုက်တွေ ပျက်သွားတယ်။ ဒါကြောင့် လမ်းချဲ့တဲ့ နေရာတွေ ရေမပေးနိုင်ပါဘူး။ ဇန်နဝါရီလ ၁၅ ရက် နောက်ဆုံးထားပြီး ရေပိုက်တွေ ပြန်ဆက်ဖို့နဲ့ ရေတွေ ပြန်လည် ပေးဝေသွားဖို့ စီမံထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
စည်ပင်ရေ မရသဖြင့် ရေဝယ်သုံးသူများ ရှိသလို ၇ မိုင်ခန့် ဝေးသည့် သီးမြစ်သို့ ဆိုင်ကယ်များဖြင့် သွားရောက်၍ သောက်သုံးရေ ခပ်ယူကြသူများ ရှိနေကြောင်း သိရသည်။
“ဝယ်နိုင်တဲ့ လူကလည်း ရေကို ဝယ်သုံးကြတယ်။ မဝယ်နိုင်တဲ့ လူတွေက သီးမြစ်ကို ဆိုင်ကယ်ပေါ် ရေပုံးတွေတင်ပြီး ရေသွားခပ်ကြတယ်။ အဝတ်တွေဆိုလည်း သီးမြစ်ကို ယူသွားပြီး ဟိုမှာ လျှော်ကြတယ်။ တခါတလေ အချိန်မရလို့ သီးမြစ် မသွားနိုင်ရင်တော့ ရေ ၁ ပုံး ၂၀၀ နဲ့ ဝယ်သုံး ရတာပေါ့” ဟု ချင်းဦးစီး ရပ်ကွက်နေ ဌာနဆိုင်ရာ ဝန်ထမ်းတဦးက ပြောသည်။
ဟားခါးမြို့အား စည်ပင်ဌာနက ရေပေးဝေမှု စနစ်မှာ မြို့အနီးရှိ ရေဝေရေလဲ စိမ့်စမ်းနေရာ ၈ ခုမှ ထွက်ရှိလာသည့် စိမ့်စမ်းရေများကို ရပ်ကွက်အလိုက် ရေပေးဝေရေး ကော်မတီများ ဖွဲ့စည်း၍ ပေးဝေနေခြင်း ဖြစ်သည်။
သစ်ခုတ်မှုများခြင်းနှင့် တောင်ယာ စိုက်ပျိုးမှုများကြောင့် သစ်တောပြုန်းတီးသည့် အတွက် ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် ရေဝေရေလဲ နေရာများမှ ရေထွက်ရှိမှု နည်းပါးလာပြီး နှစ်စဉ် မတ်၊ ဧပြီနှင့် မေလ ရောက်တိုင်း ဟားခါးမြို့၌ ရေပြတ်လပ်မှု အခက်အခဲများ ကြုံတွေ့လာရကြောင်း စည်ပင်ဌာနမှူး ဦးအောင်ထွန်းလင်းက ဆက်ပြောသည်။
“ဒီဒေသမှာ ရေဝဲရေလဲတွေကနေ ရေထွက်တာ နည်းလာပြီး စမ်းရေတွေလည်း တနှစ်ထက်တနှစ် ခမ်းလာတယ်။ အဓိကကတော့ ထင်းလောင်စာ အတွက် သစ်ပင်တွေ ခုတ်တယ်။ သစ်ပင်တွေ ခုတ်ပြီး တောင်ယာ စိုက်ပျိုးတာတွေ ကြောင့်ပေါ့။ ရေရရှိမှုက ၃၅ ရာခိုင်နှုန်းလောက် လျော့သွားပြီး ၆၅ ရာခိုင်နှုန်းလောက်ပဲ ရတော့တယ်။ ဒါကြောင့် ဟားခါးမှာ မတ်၊ ဧပြီ၊ မေလတွေဆို ရေရှားတာက နှစ်တိုင်းလိုလို ကြုံနေရတယ်”ဟု ၎င်းက ဆိုသည်။
ရေရှားပါးမှု ပြဿနာ ဖြေရှင်းရန် အတွက် ချင်းပြည်နယ် အစိုးရက ဟားခါးမြို့ အနီးရှိ သီးမြစ်တွင် ဆည်ဆောက်ပြီး ရေပေးဝေမည့် ဟားခါးမြို့ ရေပေးဝေရေး စီမံကိန်းကို ယခုနှစ် ဧပြီလ အတွင်းက စတင် အကောင်အထည်ဖော် တည်ဆောက်နေပြီး စီမံကိန်း ကုန်ကျငွေ တန်ဖိုးမှာ ကျပ်ငွေ ၈ ဘီလီလံ (ကျပ်သန်း ၈၀၀၀) ရှိကြောင်း သိရသည်။
ကောက်စာ
ရှိပြီ။ရေမရတော့လူတွေအတော်လေးဒုက္ခရောက်ကြတယ်။ကျနော်တို့ဆိုင်အတွက်အပြင်ကနေရေဝယ်သုံးရတယ်။ရေဖိုးတင်တလကို၂သောင်းကနေ၃သောင်းလောက်ကုန်တော့အမြတ်တွေကရေဖိုးထဲမှာပါကုန်တယ
Category : Environment
Key Words : သောက်သုံးရေ, ဟားခါး
ပုံစာ – ဟားခါးမြို့လယ်မြင်ကွင်း (ဓာတ်ပုံ – စိုင်းဇော်/ဧရာဝတီ)
သတင်း
စည်ပင်ရေ၃လကြာမရရှိသဖြင့်ဟားခါးမြို့ခံများသောက်သုံးရေအခက်ကြုံ
ဆလိုင်းသန့်စင်၊ December 30, 2014
ချင်းပြည်နယ်မြို့တော်ဟားခါးမြို့စည်ပင်သာယာဌာနကမြို့တွင်းသို့ရေပေးဝေမှုခေတ္တရပ်ဆိုင်းထားသည်မှာ၃လကျော်ကြာမြင့်နေသည့်အတွက်ဟားခါးမြို့ခံများသောက်သုံးရေအခက်အခဲကြုံတွေ့နေကြောင်းသိရသည်။
“စည်ပင်ဌာနကပေးတဲ့ရေမရတာ၃လလောက်ရှိပြီ။ရေမရတော့လူတွေအတော်လေးဒုက္ခရောက်ကြတယ်။ကျနော်တို့ဆိုင်အတွက်အပြင်ကနေရေဝယ်သုံးရတယ်။ရေဖိုးတင်တလကို၂သောင်းကနေ၃သောင်းလောက်ကုန်တော့အမြတ်တွေကရေဖိုးထဲမှာပါကုန်တယ်” ဟုဟားခါးမြို့ရှိစားသောက်ဆိုင်ပိုင်ရှင်တဦးကဧရာဝတီသို့ပြောသည်။
ပြည်နယ်အစိုးရရုံးစိုက်ရာဟားခါးမြို့တွင်းရှိလမ်းများကိုတိုးချဲ့ဖောက်လုပ်မှုကြောင့်မြေအောက်ရေပိုက်များပျက်စီးကုန်သည့်အတွက်စည်ပင်ဌာနမှရေပေးဝေမှုရပ်ဆိုင်းထားရာလချီကြာမြင့်လာသောကြောင့်ဟားခါးမြို့ခံအများစုမှာသောက်သုံးရေအတွက်ပုဂ္ဂလိကရေရောင်းသူများထံမှဝယ်ယူသုံးစွဲနေရသည်ဟုပြောဆိုကြသည်။
စည်ပင်ဌာနမှပေးဝေသောရေမရသဖြင့်မြို့လူဦးရေ၅၀ရာခိုင်နှုန်းကျော်မှာသောက်သုံးရေအခက်အခဲများရင်ဆိုင်နေရကြောင်းမြို့ခံများကပြောသည်။ဟားခါးမြို့တွင်ပြည်တော်သာ၊ဈေးဟောင်း၊ဈေးသစ်စသဖြင့်ရပ်ကွက်ကြီး၆ခုရှိပြီး၊အိမ်ခြေ၃၀၀၀ကျော်ရှိကာ၊လူဦးရေ၁၅၀၀၀ကျော်အခြေချနေထိုင်ကြောင်းသိရသည်။
စီးပွားရေးသမားများသည်ဟားခါးမြို့နှင့်၇မိုင်ခန့်ဝေးသည့်သီးမြစ်သို့ကားများဖြင့်သွားရောက်ရေသယ်ကာဟားခါးမြို့၌ပြန်လည်ရောင်းချကြသောကြောင့်မြို့ခံများမှာသောက်သုံးရေရရှိရေးအတွက်ရေ၁ပုံးလျှင်၂၀၀ကျပ်၊ပုဂ္ဂလိကရေသယ်ယာဉ်တစီးလျှင်၁၂၀၀၀ကျပ်နှုန်းဖြင့်ဝယ်ယူသုံးစွဲနေရသည်ဟုပြောဆိုကြသည်။
ပျက်စီးသွားသည့်ရေပိုက်များပြုပြင်နေမှုနှင့်ပတ်သတ်ပြီးဟားခါးမြို့နယ်စည်ပင်သာယာဌာနမှူးဦးအောင်ထွန်းလင်းက“ဟားခါးမြို့တွင်းလမ်းတွေတိုးချဲ့တော့လမ်းဧရိယာမှာပါတဲ့ရေပိုက်တွေပျက်သွားတယ်။ဒါကြောင့်လမ်းချဲ့တဲ့နေရာတွေရေမပေးနိုင်ပါဘူး။ဇန်နဝါရီလ၁၅ရက်နောက်ဆုံးထားပြီးရေပိုက်တွေပြန်ဆက်ဖို့နဲ့ရေတွေပြန်လည်ပေးဝေသွားဖို့စီမံထားပါတယ်” ဟုဧရာဝတီကိုပြောသည်။
စည်ပင်ရေမရသဖြင့်ရေဝယ်သုံးသူများရှိသလို၇မိုင်ခန့်ဝေးသည့်သီးမြစ်သို့ဆိုင်ကယ်များဖြင့်သွားရောက်၍သောက်သုံးရေခပ်ယူကြသူများရှိနေကြောင်းသိရသည်။
“ဝယ်နိုင်တဲ့လူကလည်းရေကိုဝယ်သုံးကြတယ်။မဝယ်နိုင်တဲ့လူတွေကသီးမြစ်ကိုဆိုင်ကယ်ပေါ်ရေပုံးတွေတင်ပြီးရေသွားခပ်ကြတယ်။အဝတ်တွေဆိုလည်းသီးမြစ်ကိုယူသွားပြီးဟိုမှာလျှော်ကြတယ်။တခါတလေအချိန်မရလို့သီးမြစ်မသွားနိုင်ရင်တော့ရေ၁ပုံး၂၀၀နဲ့ဝယ်သုံးရတာပေါ့” ဟုချင်းဦးစီးရပ်ကွက်နေဌာနဆိုင်ရာဝန်ထမ်းတဦးကပြောသည်။
ဟားခါးမြို့အားစည်ပင်ဌာနကရေပေးဝေမှုစနစ်မှာမြို့အနီးရှိရေဝေရေလဲစိမ့်စမ်းနေရာ၈ခုမှထွက်ရှိလာသည့်စိမ့်စမ်းရေများကိုရပ်ကွက်အလိုက်ရေပေးဝေရေးကော်မတီများဖွဲ့စည်း၍ပေးဝေနေခြင်းဖြစ်သည်။
သစ်ခုတ်မှုများခြင်းနှင့်တောင်ယာစိုက်ပျိုးမှုများကြောင့်သစ်တောပြုန်းတီးသည့်အတွက် ၂၀၀၀ခုနှစ်နောက်ပိုင်းတွင်ရေဝေရေလဲနေရာများမှရေထွက်ရှိမှုနည်းပါးလာပြီးနှစ်စဉ်မတ်၊ဧပြီနှင့်မေလရောက်တိုင်းဟားခါးမြို့၌ရေပြတ်လပ်မှုအခက်အခဲများကြုံတွေ့လာရကြောင်းစည်ပင်ဌာနမှူးဦးအောင်ထွန်းလင်းကဆက်ပြောသည်။
“ဒီဒေသမှာရေဝဲရေလဲတွေကနေရေထွက်တာနည်းလာပြီးစမ်းရေတွေလည်းတနှစ်ထက်တနှစ်ခမ်းလာတယ်။အဓိကကတော့ထင်းလောင်စာအတွက်သစ်ပင်တွေခုတ်တယ်။သစ်ပင်တွေခုတ်ပြီးတောင်ယာစိုက်ပျိုးတာတွေကြောင့်ပေါ့။ရေရရှိမှုက၃၅ရာခိုင်နှုန်းလောက်လျော့သွားပြီး၆၅ရာခိုင်နှုန်းလောက်ပဲရတော့တယ်။ဒါကြောင့်ဟားခါးမှာမတ်၊ဧပြီ၊မေလတွေဆိုရေရှားတာကနှစ်တိုင်းလိုလိုကြုံနေရတယ်”ဟု၎င်းကဆိုသည်။
ရေရှားပါးမှုပြဿနာဖြေရှင်းရန်အတွက်ချင်းပြည်နယ်အစိုးရကဟားခါးမြို့အနီးရှိသီးမြစ်တွင်ဆည်ဆောက်ပြီးရေပေးဝေမည့်ဟားခါးမြို့ရေပေးဝေရေးစီမံကိန်းကိုယခုနှစ်ဧပြီလအတွင်းကစတင်အကောင်အထည်ဖော်တည်ဆောက်နေပြီးစီမံကိန်းကုန်ကျငွေတန်ဖိုးမှာကျပ်ငွေ၈ဘီလီလံ (ကျပ်သန်း၈၀၀၀) ရှိကြောင်းသိရသည်။