၂၀၁၄ ခုနှစ်အတွက် စာရေးဆရာ ဆရာဝန်တင်ရွှေ အထိမ်းအမှတ် စာပေဆု ချီးမြှင့်ပွဲကို လာမည့်နှစ် ဇန်နဝါရီလအတွင်း ကျင်းပမည်ဖြစ်သည်။ ဆုချီးမြှင့်ခံရသည့် စာအုပ်များမှာ အေးဖြူ၏ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းဆိုင်ရာ ဆောင်းပါးများ၊ ယုယ (ဆေး -၁) ၏ သီတာမည်သားမှသည် ဘိုးဘိုး၏ အနှစ်များဆီသို့ ဝတ္တုတိုပေါင်းချုပ်၊ ဒေါက်တာ နီလာသိန်း (လင်းရောင်သစ်) ၏ အလင်းစေတန်တို့၏ အောင်ပွဲ ပဲ့တင်သံများနှင့် အလင်းကမ္ဘာသစ်ဆီသို့ ဆောင်းပါး ပေါင်းချုပ်၊ Tun Aung Chain (ထွန်းအောင်ချိန်) ၏ Flowing Water: Dipping into Myanmar History တို့ ဖြစ်ကြောင်း သိရသည်။ ဆရာဝန်တင်ရွှေ တသက်တာ စာပေဆုကို စာရေးဆရာကြီး မောင်စူးစမ်းက ရရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။