သတင်းတို

သစ်ခိုးထုတ်မှု ဖမ်းဆီးသည့် သစ်တောဝန်ထမ်းများ ပစ်သတ်ခံရ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ်၊ လင်းခေးမြို့နယ်၊ ဝမ်စလောင်း ဒေသအတွင်း သစ်ခိုးထုတ်သူများကို သွားရောက်ဖမ်းဆီး သိမ်းယူသည့် သစ်တောဝန်ထမ်း ၄ ဦး ဒီဇင်ဘာလ ၂၇ ရက်နေ့က လက်နက်ကိုင်တပ်ဖွဲ့တခု၏ ပစ်သတ်ခံရကြောင်း သိရသည်။ ဖမ်းဆီးထားသည့် သစ်များကို သိမ်းဆည်းရန် သွားရောက်သည့် လင်းခေးခရိုင် သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှမင်း၊ တောခေါင်း ဦးစစ်ထွေး၊ တောခေါင်း ဦးသန်းထိုက်အောင်နှင့် ဦးဘိုမင်းတို့ လက်နက်ငယ်ကျည်ဆန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ ပစ်သတ်သွားသည့်အဖွဲ့မှာ SSA (ရွက်ဆစ်) အဖွဲ့ဟု အတည်ပြုဆဲသတင်းများအရ သိရကြောင်း အစိုးရသတင်းများက ဖော်ပြသည်။

Loading