Human Rights

တရုတ်သံရုံးအနီး လက်ပံတောင်းဆန္ဒပြပွဲ ဦးဆောင်သူ ၇ ဦးကို ဝတ္တရားနှောင့်ယှက်မှုဖြင့် အမှုဖွင့်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် လူထိခိုက်သေဆုံးမှု ရှိခဲ့သော အကြမ်းဖက် ဖြိုခွင်းမှုကို ဆန့်ကျင် ကန့်ကွက် သည့်အနေဖြင့်  ဆန္ဒပြပွဲ တခု ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းရှိ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သံရုံး အနီးတွင် ယမန်နေ့က ပြုလုပ်ခဲ့ပြီး ယင်းဆန္ဒပြပွဲဦးဆောင်သူ ၇ ဦးကို ဒဂုံမြို့နယ်၊ ရဲစခန်းက တာဝန်ဝတ္တရား နှောင့်ယှက်မှု ဖြင့် အမှု ဖွင့်လိုက် ကြောင်း သတင်းရရှိသည်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် ၊ ဒေါ်နော်အုန်းလှ အပါအဝင် တက်ကြွလှုပ်ရှားသူ ၁၀၀ ခန့်သည် ယမန်နေ့က လက်ပံ တောင်း တောင် ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့ရသော ဒေါ်ခင်ဝင်း အမှုကို အဖြစ်မှန် ဖော်ထုတ် ပေး ရေး၊ စီမံကိန်းရပ်ဆိုင်ရေး၊ ဝမ်ပေါင်ကုမ္ပဏီ ထွက်ခွာရေး၊ ဦးသိန်းစိန် အစိုးရ နုတ်ထွက်ပေးရေး ဆိုင်းဘုတ်များ ကိုင် ဆောင် လျက် ရန်ကုန် မြို့တော်ခန်းမရှေ့မှ တရုတ်သံရုံးအနီးသို့ ချီတက် ဆန္ဒပြခဲ့ ကြောင်း၊ ရဲတပ်ဖွဲ့က တရုတ်သံရုံး သို့ ဝင်ရောက်နိုင်သည့် ပြည်ထောင်စုရိပ်သာလမ်း ကို ပိတ်ဆို့ထားခဲ့ပြီး ဆန္ဒပြသူများက ယင်းလမ်းကို ဖြတ်သန်းရန် ကြိုးစား ရာမှ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့်  ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်း လှ အပါအဝင် ဆန္ဒပြပွဲ ဦးဆောင်သူ ၇ ဦးကို ယနေ့ နံနက်ပိုင်း ရဲတပ်ဖွဲ့က ပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရှိရ သည်။

“သံရုံးရှေ့ဆန္ဒပြခွင့် ဘာကြောင့် မပေးတာလဲဆိုတာ ကျနော်တို့အဆင့်နဲ့ပြောလို့ မရပါဘူး။ ဒါပေမယ့် ဆန္ဒပြ ခေါင်း ဆောင် နေမျိုးဇင်အပါအဝင် ၇ဦးကိုတော့ ပုဒ်မ ၃၅၃ ဝတ္တရား နှောက်ယှက်မှုနဲ့ အရေးယူ ဆောင်ရွက်ထားပါတယ်။ ပုဒ်မ တွေ ထပ်တိုးဖို့လည်း ရှိပါတယ်”ဟု ဒဂုံမြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သောင်းစိန်က ဧရာဝတီသို့ ပြောသည်။

ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၅၃ သည် အာမခံ ပေးနိုင်သော ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ် ၊ ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်သော ပုဒ်မဖြစ်ကြောင်း သိရှိရသည်။

ဆန္ဒပြပွဲ ဦးဆောင်သူ တဦးဖြစ်သူ ဒေါ်နော်အုန်းလှက“တရုတ်အစိုးရသိအောင် ဒီလိုတိုးဝင်ပြီးဆန္ဒပြတာ။ကြေးနီစီမံကိန်းကို ကျမတို့ပြည်သူတွေက လက်မခံဘူးဆိုတာတရုတ်အစိုးရကို သိစေချင်တယ်။ဒီစီမံကိန်းကြောင့် ကျမတို့ပြည်သူ တွေ ထိခိုက် အနာတရတွေဖြစ်တာ၊ ပစ်သတ်ခံရတာတွေကိုသူတို့ကိုသိစေချင်တယ်”ဟု ပြောသည်။

ရဲတပ်ဖွဲ့ဝင်၏ တားမြစ်မှုကြောင့် ဆန္ဒပြသူများသည် တရုတ်သံရုံးရှေ့သို့ သွားရောက်နိုင်ခြင်းမရှိခဲ့ဘဲ ပြည်ထောင်စုရိပ်သာ လမ်းထိပ်တွင်ပင် လက်ပံတောင်းတောင်ကို ကာကွယ်ရင်း ကွယ်လွန်သွားသော ဒေါ်ခင်ဝင်းအတွက် လွမ်းသူ့ပန်းခွေ ချခဲ့ ကြောင်း သိရှိရသည်။

“ကျနော်တို့က ကျနော်တို့နိုင်ငံသားအခွင့်အရေးအတွကဆန္ဒပြတာ။အစိုးရက ဒေါ်ခင်ဝင်းအမှုရဲ့တရားခံကို ဘာကြောင့် အခုထိ  မဖော်ထုတ်ပေးတာလဲ။အခုလဲဘာကြောင့် တရုတ်သံရုံးရှေ့ဘာကြောင့်ဆန္ဒပြခွင့်မပေးတာလဲ။တရုတ်ကိုကြောက် နေရတာလား။ကျနော်တို့နိုင်ငံက သယံဇာတတွေလည်း တရုတ်ကြောင့်ကုန်ပြီ”ဟု မြန်မာ့ လူမှုဘဝဖွံဖြိုးတိုးတက်ရေး အ     သင်း မှ ဦးနေမျိုးဇင်က ပြောသည်။

ယင်းဆန္ဒပြပွဲတွင် ဒေါ်ခင်းဝင်းသေဆုံးမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာတော်များကွန်ရက ်၊ညီ ညွှတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊၁၉၉၀ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ဒီမိုကရေစီအင်အားစုအဖွဲ့၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်အဖွဲ့များမှ သဘောထားကြေညာချက်အသီးသီးထုတ်ပြန်ခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading