မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်သာသနာ၏ ရန်ကုန်ဂိုဏ်းချုပ် သာသနာဆရာတော်ကြီး ချားလ်မောင် ဘိုကို ရဟန်းအမတ် ကာဒီနယ် အဖြစ်ရွေးချယ် လိုက်ကြောင်း ပုပ်ရဟန်းမင်းကြီး Francisက ယမန်နေ့က ကြေညာလိုက်ပါတယ်၊ တကမ္ဘာလုံးရှိ ကက်သလစ် ခရစ်ယာန်သာသနာများမှ ကာဒီနယ်အပါး ၂၀ ရွေးချယ် ရာမှာ မြန်မာနိုင်ငံမှ ဆရာတော်ကြီး ချားလ်မောင်ဘို ရွေးချယ်ခံရတာဖြစ်ပြီး၊ မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် ရဟန်းအမတ်အဖြစ် ရွေးချယ်ခံရတာဖြစ်ပါတယ်။ လာမည့်ဖေဖေါ်ဝါရီလမှာ တရားဝင်ခန့်အပ်မှာဖြစ်တယ်လို့ သိရပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။