အကျဉ်းကျခံနေရဆဲ ဖြစ်သည့် နိုင်ငံရေး အကျဉ်းသား ၁၆၀ ကျော် အမြန်လွှတ်ပေးရန် ရည်ရွယ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ လက်ဝါးလှုပ်ရှားမှုကို ဇန်နဝါရီ ၄ ရက်က စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေး အသင်း (AAPP) နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့တို့ ပူးပေါင်းပြီး လက်ဝါးတွင် အကျဉ်းကျ ခံနေရသည့် နိုင်ငံရေး သမားများ၏ နာမည်ကို ရေးသားကာ အမြန်လွှတ်ပေးရေး လှုပ်ရှားမှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း AAPP အဖွဲ့ဝင် ဦးအောင်မျိုးကျော်က ဧရာဝတီကို ပြောသည်။
“၂၀၁၀ ခုနစ်က လက်ဝါးလှုပ်ရှားမှု တခါ လုပ်ဖူးတယ်။ အခု ဒုတိယ အကြိမ်ပေါ့။ လက်ဝါးပေါ် နာမည်ရေးပြီးတော့ တောင်းဆိုသွားမယ်။ လူသိများတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ လွတ်လာပေမယ့် လူမသိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကျန်နေသေးတယ်။ တိုင်းပြည် ပြုပြင်ရေးကာလမှာ ဒီလူတွေ အမြန်ဆုံး လွှတ်သင့်တယ်” ဟု ၎င်းက ဆိုသည်။
လက်ဝါးလှုပ်ရှားမှုအပြင် လက်ရှိအချိန်၌ တရားစွဲဆို ခံနေရသည့် တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမား ၂၀၀ ကျော်၏ အမှုများကိုလည်း ပြန်လည် ရုပ်သိမ်းပေးရန် အစိုးရသို့ တောင်းဆိုထားသည်ဟု ဦးအောင်မျိုးကျော်က ဆက်ပြောသည်။
အစိုးရက အကျဉ်းကျ ခံနေရသည့် နိုင်ငံရေး အကျဉ်းသား တဦးမျှ မရှိသေးသည်ဟု ပြောဆိုနေချိန်တွင် ပြည်သူများနှင့် နိုင်ငံတကာက သိရှိစေရန်အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း၊ လူမှုကွန်ရက် Facebook နှင့် ဝက်ဘ်ဆိုဒ်များပေါ်တွင် တင်ပြ လှုပ်ရှားသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုနောက်ပိုင်း အကျဉ်းချခံနေရသည့် နိုင်ငံရေးသမား အများစုသည် လယ်ယာမြေ ပြဿနာနှင့် လူ့အခွင့်အရေး ပြသာနာများကို ဖြေရှင်းကူညီပေးကြသည့် နိုင်ငံရေးသမားများ ဖြစ်ကြောင်း ဦးအောင်မျိုးကျော်က ပြောသည်။
ယနေ့ကာလတွင် ပြည်သူလူထု အနေဖြင့် လယ်ယာမြေ သိမ်းဆည်း ခံနေရမှုများ၊ အလုပ်သမားထု အခွင့်အရေးများ၊ ကျောင်းသားထု အခွင့်အရေးများစသည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ အပြင် စားဝတ်နေရေး ပြဿနာ၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး ပြဿနာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဿနာ၊ တရားဥပဒေ စိုးမိုးရေး ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း AAPP နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့တို့က ပူးတွဲ ကြေညာချက် တစောင်ကို ၆၇ နှစ်ပြည့် လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံသား တယောက်၏ မိမိရပိုင်ခွင့် ဆုံးရှုံးခံရမှုများအပေါ် တောင်းဆို ဆန္ဒဖော်ထုတ်သူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှား သူများကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း ထောင်ချခြင်းများအပြင် အသက်သေသည်အထိ အရေးယူနေမှုများသည် ယနေ့ ဒီမိုကရေစီနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အပေါ် အတားအဆီးများ ဖြစ်နေသည်ဟုလည်း ထိုကြေညာချက်တွင် ထည့်သွင်း ရေးသားထားသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ လုပ်ငန်းကော်မတီဝင် တဦးဖြစ်သည့် ဦးတင်မောင်ဦးက “နိုင်ငံရေးအရ အမြင်ကွဲလွဲတဲ့ သူတွေကို ဖမ်းဆီး ထောင်ချနေတာနဲ့ ဒီနိုင်ငံရေးက ပြေလည်သွားမှာ မဟုတ်ဘူး။ ဒီလူတွေနဲ့ တွေ့ဆုံပြီးတော့ နှစ်ဦးနှစ်ဖက် အကျိုးများစေမယ့် နည်းလမ်းနဲ့ လက်ခံနိုင်တဲ့ နည်းလမ်းတွေနဲ့ တိုင်းပြည်ကို ထူထောင်မှ တိုင်းပြည်လည်း နိုင်ငံရေး အကျဉ်းသား ကင်းစင်ပြီး သင့်မြတ်ရေး ရနိုင်မယ်” ဟု ဆိုသည်။
နိုင်ငံရေး အကျဉ်းသားအရေး ဆောင်ရွက်နေသူများ ဖြစ်သည့်အတွက် နိုင်ငံရေး အကျဉ်းသားများ ရှိနေသ၍ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး မရနိုင်ကြောင်း မြန်မာနိုင်ငံတဝန်း ဆက်လက် ဖြစ်ပွားနေသော ဖမ်းဆီးထိန်းသိမ်း အကျဉ်းချနေမှုများအား ချက်ခြင်း ရပ်တန့်ရန်နှင့် အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသား အားလုံးအား ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန် ဤလက်ဝါးလှုပ်ရှားမှုမှ တဆင့် ထပ်မံ တောင်းဆိုပါသည်ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။
လက်ဝါးလှုပ်ရှားမှု ကဲ့သို့သော ဓာတ်ပုံလှုပ်ရှားမှု နည်းလမ်းအား ၂၀၁၀ ခုနှစ်တွင် အသုံးပြုကာ “ကျွနု်ပ် လွတ်မြောက် လာသော်လည်း ကျွနု်ပ် မလွတ်လပ်ပါ” ဟူသည့် သတင်းစကားနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျဉ်းသား ပြဿနာအား နိုင်ငံတကာသို့ အသိပေး တင်ပြခဲ့ဖူးသည်။
ကောက်စာ
လက်ဝါးလှုပ်ရှားမှုအပြင်လက်ရှိအချိန်၌တရားစွဲဆိုခံနေရသည့်တက်ကြွလှုပ်ရှားသူနိုင်ငံရေးသမား၂၀၀ကျော်၏အမှုများကိုလည်းပြန်လည်ရုပ်သိမ်းပေးရန်အစိုးရသို့တောင်းဆိုထားသည်ဟုဦးအောင်မျိုးကျော်ကဆက်ပြောသည်။
Category: Human Rights
Key Words: AAPP, နိုင်ငံရေးအကျဉ်းသားဟောင်း
ပုံစာ – နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးလက်ဝါးလှုပ်ရှားမှုတွင်ပါဝင်ပြသနေသည့်နိုင်ငံရေးအကျဉ်းသားဟောင်းဦးမင်းကိုနိုင် (ဓာတ်ပုံ – AAPP Facebook)
သတင်း
နိုင်ငံရေးအကျဉ်းသား၁၆၀ကျော်အမြန်လွှတ်ပေးရေးလက်ဝါးလှုပ်ရှားမှုစတင်
နန်းဆိုင်နွမ်၊ January 5, 2015
အကျဉ်းကျခံနေရဆဲဖြစ်သည့်နိုင်ငံရေးအကျဉ်းသား၁၆၀ကျော်အမြန်လွှတ်ပေးရန်ရည်ရွယ်ပြီးနိုင်ငံရေးအကျဉ်းသားဟောင်းများ၏လက်ဝါးလှုပ်ရှားမှုကိုဇန်နဝါရီ၄ရက်ကစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါလှုပ်ရှားမှုကိုနိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း (AAPP) နှင့်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့ပူးပေါင်းပြီးလက်ဝါးတွင်အကျဉ်းကျခံနေရသည့်နိုင်ငံရေးသမားများ၏နာမည်ကိုရေးသားကာအမြန်လွှတ်ပေးရေးလှုပ်ရှားမှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း AAPP အဖွဲ့ဝင်ဦးအောင်မျိုးကျော်ကဧရာဝတီကိုပြောသည်။
“၂၀၁၀ခုနစ်ကလက်ဝါးလှုပ်ရှားမှုတခါလုပ်ဖူးတယ်။အခုဒုတိယအကြိမ်ပေါ့။လက်ဝါးပေါ်နာမည်ရေးပြီးတော့တောင်းဆိုသွားမယ်။လူသိများတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေလွတ်လာပေမယ့်လူမသိတဲ့နိုင်ငံရေးအကျဉ်းသားတွေကျန်နေသေးတယ်။တိုင်းပြည်ပြုပြင်ရေးကာလမှာဒီလူတွေအမြန်ဆုံးလွှတ်သင့်တယ်” ဟု၎င်းကဆိုသည်။
လက်ဝါးလှုပ်ရှားမှုအပြင်လက်ရှိအချိန်၌တရားစွဲဆိုခံနေရသည့်တက်ကြွလှုပ်ရှားသူနိုင်ငံရေးသမား၂၀၀ကျော်၏အမှုများကိုလည်းပြန်လည်ရုပ်သိမ်းပေးရန်အစိုးရသို့တောင်းဆိုထားသည်ဟုဦးအောင်မျိုးကျော်ကဆက်ပြောသည်။
အစိုးရကအကျဉ်းကျခံနေရသည့်နိုင်ငံရေးအကျဉ်းသားတဦးမျှမရှိသေးသည်ဟုပြောဆိုနေချိန်တွင်ပြည်သူများနှင့်နိုင်ငံတကာကသိရှိစေရန်အတွက်ယခုကဲ့သို့တောင်းဆိုရခြင်းဖြစ်ကြောင်း၊လူမှုကွန်ရက်Facebook နှင့်ဝက်ဘ်ဆိုဒ်များပေါ်တွင်တင်ပြလှုပ်ရှားသွားမည်ဖြစ်ကြောင်းသိရသည်။
ယခုနောက်ပိုင်းအကျဉ်းချခံနေရသည့်နိုင်ငံရေးသမားအများစုသည်လယ်ယာမြေပြဿနာနှင့်လူ့အခွင့်အရေးပြသာနာများကိုဖြေရှင်းကူညီပေးကြသည့်နိုင်ငံရေးသမားများဖြစ်ကြောင်းဦးအောင်မျိုးကျော်ကပြောသည်။
ယနေ့ကာလတွင်ပြည်သူလူထုအနေဖြင့်လယ်ယာမြေသိမ်းဆည်းခံနေရမှုများ၊အလုပ်သမားထုအခွင့်အရေးများ၊ကျောင်းသားထုအခွင့်အရေးများစသည့်လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများအပြင်စားဝတ်နေရေးပြဿနာ၊ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးပြဿနာ၊ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဿနာ၊တရားဥပဒေစိုးမိုးရေးပြဿနာများနှင့်ရင်ဆိုင်နေရကြောင်း AAPP နှင့်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့ကပူးတွဲကြေညာချက်တစောင်ကို၆၇နှစ်ပြည့်လွတ်လပ်ရေးနေ့တွင်ထုတ်ပြန်ခဲ့သည်။
နိုင်ငံသားတယောက်၏မိမိရပိုင်ခွင့်ဆုံးရှုံးခံရမှုများအပေါ်တောင်းဆိုဆန္ဒဖော်ထုတ်သူများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကိုခြိမ်းခြောက်ခြင်း၊ဖမ်းဆီးခြင်းထောင်ချခြင်းများအပြင်အသက်သေသည်အထိအရေးယူနေမှုများသည်ယနေ့ဒီမိုကရေစီနှင့်အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအပေါ်အတားအဆီးများဖြစ်နေသည်ဟုလည်းထိုကြေညာချက်တွင်ထည့်သွင်းရေးသားထားသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှလုပ်ငန်းကော်မတီဝင်တဦးဖြစ်သည့်ဦးတင်မောင်ဦးက “နိုင်ငံရေးအရအမြင်ကွဲလွဲတဲ့သူတွေကိုဖမ်းဆီးထောင်ချနေတာနဲ့ဒီနိုင်ငံရေးကပြေလည်သွားမှာမဟုတ်ဘူး။ဒီလူတွေနဲ့တွေ့ဆုံပြီးတော့နှစ်ဦးနှစ်ဖက်အကျိုးများစေမယ့်နည်းလမ်းနဲ့လက်ခံနိုင်တဲ့နည်းလမ်းတွေနဲ့တိုင်းပြည်ကိုထူထောင်မှတိုင်းပြည်လည်းနိုင်ငံရေးအကျဉ်းသားကင်းစင်ပြီးသင့်မြတ်ရေးရနိုင်မယ်” ဟုဆိုသည်။
နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်နေသူများဖြစ်သည့်အတွက် နိုင်ငံရေးအကျဉ်းသားများရှိနေသ၍မြန်မာနိုင်ငံတွင်အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမရနိုင်ကြောင်းမြန်မာနိုင်ငံတဝန်းဆက်လက်ဖြစ်ပွားနေသောဖမ်းဆီးထိန်းသိမ်းအကျဉ်းချနေမှုများအားချက်ခြင်းရပ်တန့်ရန်နှင့်အကျဉ်းထောင်အသီးသီးတွင်ကျန်ရှိနေသေးသည့်နိုင်ငံရေးအကျဉ်းသားအားလုံးအားချွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးရန်ဤလက်ဝါးလှုပ်ရှားမှုမှတဆင့်ထပ်မံတောင်းဆိုပါသည်ဟုလည်းထုတ်ပြန်ချက်တွင်ထည့်သွင်းရေးသားထားသည်။
လက်ဝါးလှုပ်ရှားမှုကဲ့သို့သောဓာတ်ပုံလှုပ်ရှားမှုနည်းလမ်းအား၂၀၁၀ခုနှစ်တွင်အသုံးပြုကာ“ကျွနု်ပ်လွတ်မြောက်လာသော်လည်းကျွနု်ပ်မလွတ်လပ်ပါ” ဟူသည့်သတင်းစကားနှင့်မြန်မာနိုင်ငံ၏နိုင်ငံရေးအကျဉ်းသားပြဿနာအားနိုင်ငံတကာသို့အသိပေးတင်ပြခဲ့ဖူးသည်။