ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် နည်းလမ်းမှာ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က လွတ်လပ်ရေးနေ့တွင် ပြုလုပ်သည့် ဗိုလ်ရှု့သဘင်သို့ တက်ရောက်လာသည့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်ပြောကြားလိုက်ကြောင်းယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထား သည်၊ နိုင်ငံရေး သဘောတူညီချက်များ ခိုင်ခိုင်မာမာရမှသာလျှင် ထာဝရငြိမ်းချမ်းရေး အာမခံနိုင်မည်ဖြစ် ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲကို အမြန်ဆုံးစတင်နိုင်ရန် နှစ်ပေါင်း ၆၀ ပစ်ခတ်တိုက်ခိုက်နေသည်များကို ရပ်ဆိုင်းပစ်ရန်လိုကြောင်းလည်း ပြောကြားခဲ့သည်၊ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် မိမိတို့ ဒေသများတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး ဝိုင်းဝန်းကူညီဖို့ပါ တိုက် တွန်းကြောင်းလည်းပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။