သတင်းတို
လက်ပံတောင်းအရေး မုံရွာမြို့ခံများ ဆန္ဒဖော်ထုတ်
This article has been converted from Zawgyi One to Unicode
လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်ပြီး ယနေ့နံနက် ၁၀ နာရီခန့်က မုံရွာမြို့၌ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်း)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ နှင့် လူငယ် အဖွဲများအပါအဝင် မုံရွာမြို့ခံ တက်ကြွလှုပ်ရှားသူ ၅၀၀ခန့် သည် မုံရွာပြည်သူ့အားကစားကွင်းမှ ကျောက္ကာလမ်း၊ ပေ ၈၀လမ်း၊ သာစည်လမ်း၊ ပြည်ထောင်စုလမ်းတလျှောက်ချီ တက်ဆန္ဒပြသည်။ယမန်နေ့ကလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အကဲဖြတ်စိစစ်မှုအဖွဲ့ (EIA) အဖွဲ့ဝင်များ ဆန္ဒပြခဲ့သေးသည်။