ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မံဝိန်း၊ မံတောင်၊ လောခွန်ယန်ဒေသအတွင်း၌ သစ်ခိုးထုတ်နေသည့် တရုတ်နိုင်ငံသားများ ၁၃၉ ဦးနှင့် မြန်မာနိုင်ငံသား ၂၀ ပါဝင်သည့် သစ်ခိုးဂိုဏ်းကို ပြီးခဲ့သည့် တနင်္ဂနွေနေ့ က တပ်မတော်စစ်ကြောင်းက ဖမ်းဆီးရမိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ထိုသို့နယ်မြေရှင်းလင်းရာတွင် သစ်မျိုးစုံ အလုံးပေါင်း ၂၄၀၊ သစ်တင်ဆောင် သည့် ၁၀ဘီးယာဉ်၊ ၆ဘီးယာဉ်များနှင့် ကရိန်းနှင့် စက်ယန္တရား စုစုပေါင်း ၄၄၇စီး ဖမ်းဆီးရမိခဲ့သည့်အပြင် အဆိုပါ သစ်ခိုးထုတ်သည့် ဂိုဏ်းကို ကချင်လွတ်လပ်ရေးအဖွဲ့(KIA) စီးပွားရေး တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်ဘုတ်ထန်း၏ သစ်ထုတ်ခွင့်ပြုထားသည့် စာရွက်စာတမ်းများလည်း သိမ်းဆည်းရမိကြောင်းသိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။