လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့သည့် တောင်ငူမြို့ ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲ မှုတွင် အဓိကပတ်သက်သူ စောထွန်းထွန်းကို တောင်ငူခရိုင်တရားရုံးက ပုဒ်မ ၃၀၂(၁) (ခ) အရ သေဒဏ် ကျခံ စေရန် ယမန်နေ့က အမိန့်ချမှတ်လိုက်သည်၊ ထို့အပြင် ပုဒ်မ ၃၂၆ အရ အလုပ်နှင့် ထောင်ဒဏ် ၅နှစ်၊ ပုဒ်မ ၃၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၂နှစ် ကျခံစေရမည်ဟုလည်း ပါရှိသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုတွင် အမျိုးသား ၁ဦး၊ အမျိုးသမီး ၁ဦး သေဆုံးခဲ့ပြီး၊ အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့သည်။ စောထွန်းထွန်းကို ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ၁လခန့်အကြာ ကရင်အမျိုးသား အစည်းအရုံး (KNU) က ဖမ်းဆီးကာ ကျောက်ကြီး ရဲစခန်းသို့ အပ်နှံခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။