သတင်းတို

နိုင်ငံတကာအဖွဲ့များ ရွေးကောက်ပွဲဆိုင်ရာကိစ္စများ ဥပဒေနှင့်အညီဆောင်ရွက်ရန် ဦးတင်အေးပြော

This article has been converted from Zawgyi One to Unicode

လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ရာတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွန့်ကြား ချက်များနှင့်အညီ ဆောင်ရွက်ရန် လိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အမေရိကန်အခြေစိုက် International Republican Institute (IRI) နှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်၊ အဆိုပါ IRI အဖွဲ့သည် နိုင်ငံရေးပါတီများအား စွမ်းရည်မြှင့်တင်ရေး၊ မဲဆွယ်စည်းရုံးရေး သင်တန်းပို့ချနေသည့် အဖွဲ့ဖြစ်ပြီး မကြာသေးမီက ဧရာဝတီတိုင်းအတွင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ( NLD)အဖွဲ့များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများပေးပို့မှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတိပေးခံရသည့်အဖွဲ့ဖြစ်သည်၊ သို့သော် လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်က အာဏာရ ကြံခိုင်ရေးပါတီကို IRI အဖွဲ့ သင်တန်းပေးစဉ်ကမူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတိပေးခြင်းမရှိဟု ဝေဖန်ပြောဆိုမှုများ ထွက်ခဲ့သည်။

Loading