မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအနီး ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ရုံးထိပ်၌ သုံးရောင်ခြယ်အလံလွှင်ထူခဲ့သူအား အရေးယူရန် စုံစမ်းနေသော်လည်း သက်သေတစုံတရာ မရရှိသဖြင့် ဖော်ထုတ်ရန် ခက်ခဲ့နေကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ ဒုရဲမှူး တင်လှက ဧရာဝတီကို ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်က လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလအတွင်း အသုံးပြုခဲ့သည့် သုံးရောင်ခြယ် ဒေါင်းအလံကို ရန်ကုန်တိုင်းဒေသကြီး တရားရုံးတွင် လွှင်ထူခဲ့ခြင်းဖြစ်ပြီး ကျောက်တံတား ရဲစခန်းက တရားလွှတ်တော်ရုံးရှိ ရုံးဝန်ထမ်းများ အားလုံးကို ဇန်နဝါရီလ ၄ ရက်က စတင် စစ်ဆေးနေကာအလံပြောင်းလဲ လွှင့်ထူခဲ့သူအား တွေ့ရှိပါက နိုင်ငံတော်အလံ ဥပဒေ၊ ပုဒ်မ ၁၃ (က) အရ ထောင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ်ကျနိုင်သည်ဟုလည်းသိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။