လက်ပံတောင်းတောင် ဒေသခံများက မကြာခင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်ရှိ သမ္မတရုံး၌လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကော်မတီ သတင်းထုတ်ပြန် ချက်များအပေါ် တုံပြန်ချေပရန် ဖြစ်ကြောင်းသိရသည်။လက်ပံ တောင်းတောင် ဒေသခံ ကိုမင်းမင်းက“သတင်းစာရှင်းလင်းပွဲမှာ လုပ်ငန်းဖော်ဆောင်ရေး ကော်မတီရဲ့ အတွင်းရေးမှူး ပြောသွားတဲ့ စကားထဲမှာ မှားယွင်းနေတဲ့ ကိစ္စတွေ၊ လိမ်လည် လှည့်ဖျား တယ်လို့ပဲ ပြောတဲ့ကိစ္စတွေကို ပြန်လည်ချေပရအောင် ကျနော်တို့ ရွာသွားတွေဘက်ကလည်း သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ စီစဉ်နေပါတယ်။ ဘယ်နေ့ဘယ်ရက်မှာ သတင်းစာရှင်းလင်းမယ်ဆိုတာကိုတော့ မသတ်မှတ်ရသေးဘူး” ဟု ပြောသည်။ ယမန်နေ့က ပြုလုပ်သည့် အစိုးရ၏ သတင်းစာရှင်းလင်း ပွဲတွင် တောင်သူများအနေနှင့် မြေယာလျော်ကြေးယူခဲ့ကြသည့် အခြေအနေများနှင့် ပတ်သက်သည့် အချက်ကိုလည်း အဓိကထား ပြောကြားခဲ့သည်၊ သို့သော်ဆည်တည်းကျေးရွာအတွင်းရှိ မြေယာလျော်ကြေးလုံးဝမယူရသေးသည့် တောင်သူများ၏ အမည်စာရင်းကို ပိုင်ဆိုင်သည့် လယ်ယာမြေဧကများရှိကြောင်းသိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။