ကချင်ပြည်နယ်အတွင်း မိုးကောင်း- ကာမိုင်း- ဖားကန့် လမ်းကြောင်းအား စစ်ဆေးနေသည့် ပြည်နယ်လမ်း ပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကမန်ဒူးနော်နှင့် အဖွဲ့အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ လက်နက် ကိုင်တပ်ဖွဲ့တဖွဲ့က ယမန်နေ့က တားဆီးစစ်ဆေးခဲ့ကြောင်း၊ ဝန်ကြီး ဦးကမန်ဒူးနော်ကို ဆက်လက်ထွက်ခွင့် ပြုခဲ့သော် လည်း ၎င်းနှင့်အတူလုံခြုံရေးလိုက်ပါလာသည့် ဒုရဲအုပ် မြင့်စိုးအပါအဝင် ရဲတပ်သား ၃ဦးကို ဖမ်းဆီးခေါ် ဆောင်သွားကြောင်း၊ အဆိုပါ ရဲတပ်ဖွဲ့ဝင်များ လွတ်မြောက်ရေးအတွက် နှစ်ဘက်ဖွဲ့စည်းထားသည့် ပဋိပက္ခ ဖြေရှင်းညှိနှိုင်းရေးအဖွဲ့က ဆောင်ရွက်နေသည့်အပြင် တပ်မတော်မှလည်း လိုက်လံရှင်းလင်းနေကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင်ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။