ဒေါ်ခင်ဝင်းသေဆုံးမှုပတ်သက်ပြီး မိသားစုဝင်များက ယမန်နေ့က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အစီရင်ခံစာအတိုင်း ဆောင်ရွက်မည်ဟုသိရသည်၊ ဒေါ်ခင်ဝင်း သေဆုံးမှုသည် လူ့အခွင့်အရေးကို ထိခိုက်စေပြီး နှစ်ဘက် သက်သေထွက်ဆိုချက်များ၏ မှန်ကန်ခိုင်မာမှုကို ဥပဒေနှင့် အညီ ရင်ဆိုင်ဖြေရှင်းကာဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် ဖွင့်ထားသည့် သေမှု သေခင်းအမှတ်စဉ် (၄/၂၀၁၄)ကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာက ဖော်ပြထားရာ မိသားစုဝင်များက ရှေ့နေများ ကွန်ယက် ၏ အကူအညီဖြင့် ဥပဒေလမ်းကြောင်း အတိုင်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။