သမ္မတအား အကြည်ညို ပျက်စေမှုဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက တရားစွဲဆိုထားသည့် မြန်မာသံတော်ဆင့် ဂျာနယ်၏ အမှုနှင့် ပတ်သက်သည့် တရားခံပြ သက်သေများကို လာမည့် ဖေဖော်ဝါရီလ ၃ ရက်တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း မြန်မာ သံတော် ဆင့် ရှေ့နေ ဦးဇော်လင်းက ပြောသည်။ “အင်တာဗျူး ကိစ္စကိုစွဲတာ အချက်အလက်တွေက မှန်နေတယ်။ ဒီအင်တာဗျူးက သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မခိုက်ကို နှစ်ဘက်လျှောက်လဲချက်တွေ တင်ပြတာကို တရားရုံးက ဆုံးဖြတ်မှာပါ”ဟု ဆိုသည်။ ပြီးခဲ့သည့်နှစ် သြဂုတ်လ ၉ ရက်က ထုတ်ဝေသော မြန်မာ သံတော်ဆင့် ဂျာနယ်တွင် အံ့ခေါင်မင်း ရေးသားသည့် နိုင်ငံရေး တွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍတွင် သမ္မတ ဦးသိန်းစိန်အား ဂုဏ်သိက္ခာ ထိခိုက်စေပြီး အကြည်ညို ပျက်စေသည့် အသုံးအနှုန်းများ ရေးသားဖော်ပြခဲ့သဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက မြန်မာသံတော်ဆင့် ဂျာနယ်အား သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။