၆ပွင်ဆိုင်တွေ့ဆုံဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော်၏ တောင်းဆိုချက်နှင့် ပတ်သက်၍ သမ္မတ ဦးသိန်း စိန်က တိုင်းရင်းသား ပြည်သူများအားလုံး လူထုလူတန်းစား အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက လက်ခံသော ကိုယ်စားပြုမှုဖြစ်စေရေးနှင့် ယင်းတို့၏ လိုလားတောင့်တချက်များ ပါရှိစေမည့် မူဘောင်များ ကြိုတင်ချမှတ် ထားသည့် တွေ့ဆုံ့ပွဲဖြစ်ရေး ပွင့်လင်းမြင်သာမှုရှိရေး စီမံဆောင်ရွက်နိုင်ပါက ပိုမိုပြည်စုံကောင်း မွန်မည်ဖြစ်ကြောင်း တုံ့ပြန်လိုက်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လည်း လွှတ်တော်တွင်း၌ အဆင့် ဆင့် ဆောင်ရွက်ရန်နှင့် တချို့သောကိစ္စရပ်များတွင် ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကျင်းပ၍ အတည်ပြုရန် ထိုလုပ်ထုံးလုပ်နည်းများကို ကျော်လွန်လုပ်ဆောင်ပါက တရားဥပဒေ စိုးမိုးရေး (Rule of Law)ကို ကျော်လွန် လုပ်ဆောင်သကဲ့သို့ ဖြစ်နိုင်သည်ကို သတိပြုရန် အဆိုပါ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။