ပြည်ထောင်စု လွှတ်တော်အနေဖြင့် အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ် ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန် သမ္မတဦးသိန်းစိန်က မနေ့က သဝဏ်လွှာပေးပို့ခဲ့သည်၊ အချက် ၇ ချက်ပါသဝဏ်လွှာ တွင် ကျောင်းသားများတောင်းဆိုနေသည့် ဗဟိုချုပ်ကိုင်မှု လျော့ချပေးရေး၊ ဆရာအဖွဲ့အစည်းများ ကျောင်း သား အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေး၊ လူတိုင်းအကျုံးဝင်သည့် ပညာရေး ဖြစ်လာစေရေး၊ တိုင်းသားစာပေ ယဉ် ကျေးမှု ဖွံဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပညာ ရှင်များ၏ ဆွေးနွေးသုံးသပ်ချက်အပေါ် ပြန်လည်လေ့လာသုံးသပ်ရာ အထက်ပါဖော်ပြချက် တင်ပြချက် များကို ပြန်လည်ပြင်ဆင်ပေးခြင်းဖြင့် အမျိုးသားပညာရေး အဆင့်အတန်းမြင့်မားရေး ဦးတည်ချက် မထိခိုက်စေသည့်အပြင် အေးချမ်းစွာပညာသင်ကြားရေးကို အထောက်အကူပြုမည်ဖြစ်သဖြင့် ပြည်ထောင်စု လွှတ်တော်အနေဖြင့် ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် သဝဏ်လွှာတွင်ဖော်ပြထားသည်။ သမ္မတ၏ သဝဏ်လွှာပေးပို့ချိန်သည် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် မန္တလေးမြို့မှ ကျောင်းသားများ ရန်ကုန်မြို့သို့ လမ်းလျှောက်ချီတက်ချိန်နှင့် တိုက်ဆိုင်နေသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။